အိမ်ထောင်ရှိ အမျိုးသမီးကို သားမယားပြုကျင့်

340

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာ၌ ၂၀၁၉ ဇူလိုင် ၂၇ရက်နေ့ ၁၁နာရီအချိန်ခန့်တွင် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အိမ်ထောင်ရှိ အမျိုးသားတစ်ဦးမှ သားမယား ပြုကျင့်မှု ဖြစ်ပွားကြောင်း သိရသည်။

လယ်တောသို့ သွားရောက်ပြီး လယ်အတွင်းစိုက်ပျိုး ထားသော စပါးပင်များအား နွားများဝင်ရောက် စားသောက်ဖျက်ဆီးခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုနေစဉ် တောထဲမှ ဝါးခုတ်ပြန်လာသော ဖားပန့်ကျေးရွာနေ ဖိုးဇော် ရောက်ရှိလာပြီး တရားလို၏လက်ဆွဲ၍ ၊ အနီးရှိ ခြုံပုတ်အတွင်းသို့ ဆွဲခေါ်သွားပြီး တွန်းလှဲကာ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

သားမယား ပြုကျင့်ခံသူ အသက်(၃၀)နှစ် အမျိုးသမီးတွင် အိမ်ထောင်ရှိ အမျိုးသမီး တစ်ဦးဖြစ်သလို ပြစ်မှုကျူးလွန်သူ တွင်လည်း အိမ်ထောင်ရှိသူ တစ်ဦး ဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ဖိုးဇော် (၃၆)နှစ်အား မော်လူးနယ်မြေ ရဲစခန်းမှ (ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

မြင့်လွင်(ကသာ) Real News Distribution Agency

ApannPyay(Mandalay)