ဆံပင်ကို အဆုံးရှုံးမခံနိုင်လို့ ဥာဏ်ကြီးရှင်တွေသာ တက်ခွင့်ရတဲ့ကျောင်းကို ၀င်ခွင့်ရခဲ့ပေမယ့် မတက်ခဲ့

115

ဥာဏ်ကြီးရှင်တွေသာတက်ခွင့်ရတဲ့ကျောင်းကို ၀င်ခွင့်ရခဲ့ပေမယ့် ဆံပင်မညှပ်ရင် ကျောင်းမတက်ရတော့မယ့် ကလေးငယ်

လှပပြီးသန်စွမ်းရှည်လျားတဲ့ဆံကေသာတွေကိုပိုင်ဆိုင်ထားတဲ့ကလေးငယ်ဟာ ဆံပင်မညှပ်ရင် သူတက်ချင်တဲ့ကျောင်းကို တက်ခွင့်မရတော့မယ့် အခြေအနေကိုကြုံတွေ့နေရပါတယ်။

အသက် ၁၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးငယ်တစ်ယောက်ဟာ ဥာဏ်ကြီးရှင်တွေသာတက်ခွင့်ရတဲ့ကျောင်းတစ်ကျောင်း ကိုဝင်ခွင့်အောင်မြင်ခဲ့တာပါ။ Alfie လို့အမည်ရတဲ့ကလေးငယ်ဟာ ယောင်္ကျားလေးဖြစ်ပေမယ့် ခါးလောက်အထိရှည်လျားသန်စွမ်းပြီး ကောင်းမွန်တဲ့ဆံပင်ရှည်တွေကိုပိုင်ဆိုင်ထားပါတယ်။ သူဟာ ဒီဆံပင်ရှည်တွေကိုအရမ်းနှစ်သက်ပေမယ့် သူတက်ချင်တဲ့ကျောင်းရဲ့ ကျောင်းစည်းကမ်းအရ သူ့ရဲဆံပင်တွေကိုဖြတ်ပစ်မှသာအဲ့ဒီကျောင်းကို တက်ခွင့်ရမယ့်အခြေအနေဖြစ်လို့နေပါတယ်။

ဒီကလေးငယ်ဟာ ငယ်စဉ်ကတည်းက တစ်ကြိမ်တစ်ခါမှဆံပင်ညှပ်ခဲ့ဖူးတာမရှိဘူးလို့ ဆိုပါတယ်။ ကွန်တန်သိပ္ပံပညာရှင်ဖြစ်ချင်တဲ့သူဟာ အသက် ၆နှစ်အရွယ်ကတည်းက ဒီကျောင်းကို တက်ဖို့ စာမေးပွဲ ၁၁ခုထက်မကဖြေဆိုခဲ့ရပြီး ထူးထူးချွန်ချွန်နဲ့ဝင်ခွင့်အောင်မြင်ခဲ့ပါတယ်။

သူရဲ့ဆံပင်တွေဟာ သူ့ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီလို့လဲပြောခဲ့တာပါ။ ကလေးငယ်ရဲ့မိခင်ဖြစ်သူကတော့ ကျောင်းရဲ့ဒီစည်းကမ်းဟာ အဓိပ္ပာယ်မရှိဘူးလို့ပြောခဲ့ပြီး ကလေးငယ်တွေကို ပုံစံခွက်ထဲရိုက်သွင်းနေတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ စည်းကမ်းတွေဟာ ကလေးတွေရဲ့စာရိတ္တကောင်းမွန်ဖို့နဲ့ ကလေးတွေကို လုံခြုံစေဖို့သာဖြစ်ရမှာဖြစ်ပြီး တစ်ချို့စည်းကမ်းတွေကိုတော့ ချွင်းချက်ထားသင့်ကြောင်းပြောခဲ့ပါတယ်။

ဆံပင်နဲ့ပတ်သတ်တဲ့ ကျောင်းရဲ့စည်းကမ်းချက်တွေကတော့ ပုံမှန်မဟုတ်တဲ့၊ သပ်ရပ်မှုမရှိတဲ့၊ လိုတာထက်ပိုလွန်းနေတဲ့ဆံပင်ပုံစံတွေကို ကန့်ကွက်ထားပြီး အရောင်ဆိုးတာတွေ အရမ်းပါးလွန်းတာတွေကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ကလေးဖြစ်သူရဲ့အမေကတော့ မိန်းကလေးတွေတောင် ဆံပင်အရှည်ထားလို့ရရဲ့သားနဲ့ သားဖြစ်သူကဆံပင်ရှည်ထားခွင့်မရတာကို မကျေမနပ်ဖြစ်လို့နေပါတယ်။ လက်ရှိမှာတော့ ပထမဆုံးကျောင်းတက်တဲ့နေ့ကို ဆံပင်ရှည်နဲ့ပဲတက်မှာဖြစ်ပြီး ကျောင်းကတာဝန်ရှိသူတွေနဲ့ ဒီကိစ္စကို ဆွေးနွေးတိုင်ပင်နေဆဲဖြစ်တယ်လို့သိရပါတယ်။

Yenin Phawah AlinnMyay (အလင်းမြေ)

Source:The Sun