ကားနောက်ကနေ ခိုးတဲ့သူခိုး နောက်ကားက ဟွန်းတီးပြီး သတိပေးလိုက်သောအခါ (ရုပ်သံ)

539

ကြည့်မြင်တိုင် နတ်စင်လမ်းမှာလို့ သိရပါသည်။ ကားနောက်ကနေ လိုက်တက်ပြီး ကားပေါ်ကပစ္စည်းကို ခိုးယူဖို့ ကြိုးစားနေတဲ့ သူခိုးပါ။

မီးပွိုင့်လိုနေရာမျိုးမှာ ကားရပ်တဲ့အချိန် ပစ္စည်းကိုဆွဲချပြီး ခိုးဖို့ ကြိုးစားနေတုန်း နောက်က ပါလာတဲ့ ကားသမားက ဟွန်းတီးလိုက်တော့မှ အခြေအနေမကောင်းမှန်းသိလို့ လက်လျှော့သွားတာပါ။

နောက်မှပါလာသည့် ကားသမားရဲ့ ကျေးဇူးကြောင့် သူအတွက် မအောင်မြင်ခဲ့ပေမယ့် အခုလို ဖြစ်ရပ်မျိုးတွေအတွက် ပစ္စည်းတင်ကားသမားတိုင်း သတိရှိ သတိထားကြဖို့ ထပ်ဆင့်ကူးယူဖော်ပြပေးလိုက်ပါသည်။

အခုလို နောက်ကနေ လိုက်လာတဲ့ ကားသမားမှ တာဝန်သိသိနဲ့ သူခိုးကိုတားဆီးနိုင်ပြီး ဗွီဒီယိုဖိုင်ပါရိုက်ယူလိုက်တဲ့ အတွက် အများပြည်သူများ သတိထားနိုင်ဖို့ မျှဝေ သတိပေးခွင့်ရတာပါ။

လူတိုင်း လူတိုင်း ယခုလို ကိစ္စ မြင်တွေ့ပါက ထိုနည်းအတိုင်းပဲ ကာကွယ်နိုင်ကြပါစေ…။

လေးစားစွာဖြင့်… AlinnMyay(အလင်းမြေ)

Video-ရိုက်ကူး တင်ပြသူ