အမြွှာကလေးနှစ်ဦးကို အသက်စွန့် မွေးသွားတဲ့ မိခင်၊ ဈာပနမှာ ကလေးတွေရဲ့ ဝန်းရံမှုကိုခံယူ

248

ထိုင်းနိုင်ငံက အမျိုးသမီးငယ်တစ်ယောက်ဟာ အမြွှာနှစ်ဦးကို ကိုယ်ဝန်အရွယ်မှာ ကိုးလလွယ် ဆယ်လဖွား၊ မိခင်ရဲ့တာဝန် ကျေပွန်နိုင်ခဲ့ပေမယ့်၊ ရှေ့ဆက်ပြီး အသက်နဲ့ခန္ဓာကိုယ်ကို ရင်းပြီး မစောင့်ရှောက်နိုင်ရှာတော့ပါဘူး။ သူမဟာ ကလေးနှစ်ဦးကို အောင်မြင်စွာမွေးပြီး မိနစ်အနည်းငယ်အကြာမှာပဲ သေသွားပါတော့တယ်။

မိခင်ဖြစ်သူ ဘာကြောင့် သေဆုံးရတယ်ဆိုတာကို သတင်းတွေမှာ တိတိကျကျ ရေးသားထားခြင်းမရှိပေမယ့်၊ သွေးအားနည်းပြီး နှလုံးခုံရပ်သွားပုံရတယ်လို့ ယူဆရပါတယ်။ မျက်မှောက်ခေတ်မှာ မီးတွင်း ကလေးမိခင်တွေ သေဆုံးခြင်းဟာ ဖြစ်တောင့်ဖြစ်ခဲပါဘဲ။

အကြောင်းကတော့ ခေတ်မီဆေးဝါးပစ္စည်းတွေ၊ ဆေးကုသမှု အထောက်အကူပစ္စည်းတွေဟာ ကလေးနဲ့ မိခင်ကို အချိန်မီကယ်ဖို့ လုံလောက်ပါတယ်။ ရှေးယခင်တုန်းကတော့ အရပ်လက်သည်နဲ့ ဖြစ်သလိုမွေး၊ မေးခိုင်ပိုးကာကွယ်ဆေးမရှိ၊ အသားဝါ ကာကွယ်ဆေးမရှိ၊ ကိုယ်ဝန်ဆိပ် ကာကွယ်ဆေးမထိုး-

ဖြစ်သလို မွေးခဲ့ရပေမယ့်၊ မျက်မှောက်ခေတ်မှာတော့ အတော်လေးကို ကံမကောင်း အကြောင်းမလှမှသာ သေဘေးနဲ့နီးတာမျိုးပါ။ ရှေးတုန်းကတော့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သင်္ချိုင်းကို တစ်နေ့မျက်စောင်းသုံးခါထိုးတယ်လို့ အဆိုရှိကြပါတယ်။ တကယ်လည်း အဲဒီတုန်းက အသက်နဲ့ အလွန်နီးတာကိုး။

အခု အဖြစ်အပျက်ကိုတော့ ကျန်ရစ်သူ ကလေးဖခင်ကိုယ်တိုင် လူမှုကွန်ရက်မှာ တင်ခဲ့တာပါတဲ့။ ကာယကံရှင်တွေရဲ့နာမည်ကို သတင်းမှာ ဖော်ပြမထားပါဘူး။ ပုံမှာတော့ မိခင်ကို နောက်ဆုံး မြေမချခင်၊ လူ့လောကကိုရောက်ကာစ အမြွှာနှစ်ဦးက နောက်ဆုံး နှုတ်ဆက်နေတဲ့ပုံ ဖြစ်ပါတယ်။

နတ်စည်တော် (D Nae Thit)

source : BanieOnline