ချစ်သူကောင်မလေးကို Surprise လုပ်ဖို့ သွားတဲ့ အချိန်မှာပဲ ရင်ကွဲသွားရတဲ့ ချစ်သူကောင်လေး

158

ခုခေတ်မှာဆိုရင်တော့ ခိုင်မြဲတဲ့ Relationship တစ်ခုရဖို့ဆိုတာ အင်မတန်ခက်ခဲလှပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာ အပြစ်မဟုတ်ပေမယ့်လည်း အိမ်ထောင်ရေးကို ဘယ်လိုဘယ်ပုံထိန်းသိမ်းရမယ်ဆိုတာ နားလည်သေးတဲ့ အရွယ်မဟုတ်တာတော့ သေချာပါတယ်။ အရင်တုန်းကတော့ တစ်ယောက်နဲ့ပြတ်နောက်တစ်ယောက်ဆိုပေမယ့် အခုကတော့ တစ်ယောက်နဲ့က မပြတ်သေးဘူး နောက်ထပ် နှစ်ယောက်သုံးယောက်လောက်ကို မနိုင်ဝန်ထမ်းနေကြတဲ့သူတွေက တစ်ပုံကြီးတွေ့နေရမှာပါ။

ယခုပုံမှာဆိုရင်လည်း ကောင်လေးဟာ သူ့ရဲ့ချစ်သူကောင်မလေးမွေးနေ့ကို သတိရတယ်ဆိုတဲ့အကြောင်း ပန်းစည်းလေးနဲ့ Surprise လုပ်ဖို့ ချစ်သူကောင်မလေးရှိတဲ့ နေရာကို သွားရောက်ခဲ့ပါတယ်။ ကံဆိုးချင်ရှာတော့ ချစ်သူကောင်မလေး မအံ့သြရဘဲ သူကိုယ်တိုင်အံ့သြခဲ့ရရှာပါတယ်။ အမှန်တော့ သူ့ချစ်သူကောင်မလေးက သူ့နောက်ကွယ်မှာ အခြားယောကျာ်းလေးတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို တွေ့ခဲ့ရတာပါ။ ကားပါကင်ထိုးရင် သူ့အသည်းတွေ ကွဲကြေနေခဲ့ရတာပါ။ ဒါကြောင့် မျက်ရည်စတွေနဲ့အတူ ဓါတ်ပုံရိုက်ပြီး အင်တာနက်ပေါ် ဖြန့်ဝေပေးခဲ့ပါတယ်။

အင်တာနက်သုံးသူအများစုကလည်း သူ့ပါးပေါ်ကမျက်ရည်စတွေနဲ့ ခံစားနေတဲ့သူကို သနားမိပြီး ဒါဟာသူနဲ့ မထိုက်တန်တဲ့ ချစ်သူမို့ မခံစားဖို့ ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြပါတယ်။ နောက်နောင်မှာလည်း ဒီလိုခိုးစားတတ်တဲ့ ချစ်သူမျိုးနဲ့မတွေ့ဘဲ အချစ်စစ်အချစ်မှန်နဲ့ပဲတွေ့ဖို့ ဆုတောင်းအားပေးကြတယ်လို့ သိရှိရပါတယ်။ ထိုဓါတ်ပုံတက်လာပြီး နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လည်း ဆိုတာကိုတော့ မည်သူမှမသိရသေးပါဘူး။ AlinnMyay ပရိတ်သတ်ကြီးလည်း ဒီလိုခိုးစားတတ်တဲ့ ချစ်သူမျိုးကို ဘယ်လိုတုံ့ပြန်သင့်လည်း ပြောခဲ့ဦးနော်။ ဒီလိုခိုးစားတတ်တဲ့သူမျိုးတွေနဲ့လည်း မကြုံဖို့ AlinnMyay ပေ့ခ်ျက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

San Htet Wai-AlinnMyay(အလင်းမြေ)

Source-Elite Readers