မြင်ရ ကြားရတာ ရင်နာစရာကောင်းတဲ့ မြန်မာနိုင်ငံသားတွေ

285

မ​လေးရှားနိုင်​ငံကို တရားမဝင်​ ခိုးဝင်​တဲ့ မြန်မာနိုင်​ငံသား ၁၉ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်​လ ၃၀ ရက်​​နေ့မှာ ထိုင်းနယ်ခြား​စောင့်​တပ်​ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်​လို့ သိရပါတယ်​။

ထိုင်းနိုင်​ငံ နဲ့ မ​လေးရှားနို​င်​ငံ နယ်​စပ်​ဖြစ်​တဲ့ စုန်​ခလာခရိုင်​၊ စ​ဒေါင်​မြို့ အမှတ်​ ၇ ​ကျေးရွာအနီးတစ်​ဝိုက်​က ရာဘာ​တောထဲမှာ ခိုးဝင်​မြန်​မာနိုင်​ငံသား​တွေကို ထိုင်းနယ်​ခြား​စောင့်​တပ်​က ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရသူ​တွေထဲမှာ မြန်​မာအမျိုးသား ၁၈ ဦးနဲ့ မြန်​မာအမျိုးသမီး တစ်​ဦးပါဝင်​တယ်​လို့သိရပြီး ထိုင်းစစ်​တပ်​နဲ့​တွေ့ချိန်​မှာ လွတ်​​မြောက်​​အောင်​ထွက်​​ပြေးသွားခဲ့ကြ​ပေမဲ့ ထိုင်းစစ်​တပ်​က ​နေရာအနှံ့  ဝိုင်းထားလို့ ​ပြေးလို့ မလွတ်​ခဲ့ဘူးလို့ သိရတာပါ။

မြင်ရ ကြားရတာ ရင်နာစရာကောင်းတဲ့ မြန်မာနိုင်ငံသားတွေအတွက်​ စိတ်​မ​ကောင်းဖြစ်​စရာ​ အ​ခြေအ​နေနဲ့သတင်း​တွေကို ဆက်​တိုက်​ကို ကြားသိ​နေရတာပါ။

Source – SAW (Social Action for Children and Women)

EFIL-AlinnMyay(အလင်းမြေ)