မုဒိန်းကျင့်ခန်း ပြကွက်တွေ ကွက်ကွက်ကွင်းကွင်း ဖြစ်နေတယ်ဆိုတဲ့ မြမြ ဇာတ်ကား

570

မုဒိမ်းကျင့်ခန်းသည် သီတင်းကျွတ်ကန်တော့ခန်း မဟုတ်ဘူးလို့ မြမြ ရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြောလာတဲ့ ညိုမင်းလွင်

မကြာသေးခင် ကာလတုန်းကတော့ မြမြဆိုပြီး သရဲဝင်ပူးတဲ့ အကြောင်းကိုတော့ ဖေ့ဘုတ်တခွင်မှာ တော်တော်လေး ပျံ့နှံ့ သွားတာကြောင့် ဒီအကြောင်းလေးကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ မြမြဆိုတဲ့ မိန်းကလေးကတော့ အဓ္ဓမကျင့်ခံရပြီး အသတ်ခံရတယ်ဆိုပြီးတော့ ကောင်မလေး တယောက်ထံကို နာနာဘာဝ ဘဝအနေနဲ့ ဝင်ပူးပြီး အကြောင်းစုံကို ပြောပြလာတာကြောင့် ရဲတွေ အနေနဲ့လည်း အလုပ်တွေ တော်တော်ရှုပ်ခဲ့ရပါသေးတယ်။

ဒီအကြောင်းအရာလေးကတော့ ဇာတ်လမ်းလုပ်ဖို့ တော်တော်လေးကို ကောင်းမွန်တာကြောင့် မြန်မာနိုင်ငံရဲ့ ဇာတ်လမ်းဆန်းလေးတွေကို ဖန်တီးတတ်သူ ဒါရိုက်တာ ညိုမင်းလွင်ကတော့ မြမြ ဆိုတဲ့ မိန်းကလေး အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကတော့ မုဒိမ်းကျင့်တဲ့ အခန်းတွေ ပါတာကြောင့် ဒီလိုနေရာမှာ သရုပ်ဆောင်ဖို့ လူလိုတယ်လို့လည်း လူခေါ်ထားတာတွေ တွေ့ရပါတယ်။ ဇာတ်ကားကို ပီပီပြင်ပြင် ရိုက်မှာ ဖြစ်တာကြောင့် ဒီလိုအခန်းတွေကို ပီပီပြင်ပြင် သရူပ်ဆောင် ချပြဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တချို့သော လူတွေကတော့ ဒီလိုအခန်းတွေပါတာကို ဝေဖန်နေကြပြီး ဒီနေရာကို လာလျောက်မယ့်သူတွေကိုလည်း အကြံပေးထားတာကို တွေ့ရပါတယ်။ မလျောက်ခင် သေချာစဉ်းစားဖို့နဲ့ အဓမ္မကျင့်သည့် ပြကွက်ကို ၃ ကြိမ်တိုင် ကွက်ကွက် ကွင်းကွင်း ပြထားသဖြင့် အများပြည်သူကို ပြသရန် ယဉ်ကျေးမှု အရ မသင့်တော်ဘူးဆိုပြီးလည်း ကြော်ငြာထားပါတယ်။

ဒီအကြောင်းလေးကိုတော့ ညိုမင်းလွင်က သူ့အကောင့်မှာ ပြန်ရှဲလ်ထားပြီး မုဒိမ်းကျင့်ခန်းသည် သီတင်းကျွတ် ကန်တော့ခန်း မဟုတ်၍ ယဉ်ကျေးမှု ပေတံနှင့် တိုင်း၍မရနိုင်ပါ။ ယဉ်ကျေးစွာ မုဒိမ်းကျင့်ဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိင်ပါ။ ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်ဆာတွေက တင်းကြပ်လွန်းတာကြောင့် ညိုမင်းလွင်ရိုက်ကူးမယ့် မြမြ ဇာတ်ကားကတော့ စိတ်ဝင်စားစရာပါပဲ။ ဒီလိုမျိုး အဓမ္မကျင့်တဲ့ အခန်းတွေ များတာကြောင့် ဝေဖန်သူတွေလည်း များပြားနေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကိုရော AlinnMyay ချစ်ပရိသတ်တွေနဲ့ ဘယ်လိုမျိုးလာမယ် ထင်ကြလဲ။

AlinnMyay(အလင်းမြေ)