မြင့်မြတ်နဲ့ ရုပ်ရှင်ရိုက်တော့မယ်ဆိုတဲ့ ထိုင်းအလှမယ် Sun Sun

257

ထိုင်း အလှမယ် Sun Sun ဟာဆိုရင် မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်နေမယ့် အလှမယ်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ လူမှုကွန်ယက် တခွင်မှာ လူသိများကျော်ကြား အောင်မြင်လာတာကြာပြီဖြစ်တဲ့ အလှမယ် Sun Sun တစ်ယောက်ဟာ အခုဆိုရင်တော့ အနုပညာအလုပ်တွေလုပ်ဖို့အတွက် မြန်မာနိုင်ငံ ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

Sun Sun က မြင့်မြတ်နဲ့အတူတူ တောင်ပေါ်ဒေသမှာရုပ်ရှင်ရိုက်ဖို့ ရောက်နေတာဖြစ်ပြီး မြင့်မြတ်နဲ့ရုပ်ရှင်ရိုက်ဖို့ ရင်ခုန်နေတဲ့ အကြောင်းတွေကိုပြောပြသွားပါတယ်။ ဒီအကြောင်းလေးကိုတော့ အလင်းမြေ ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Sun Sun ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေကို “မင်္ဂလာပါဆိုတာကလွဲပြီး မြန်မာလိုမပြောတတ်ဘူး လောလောဆယ်တော့။ပြီးရင်တော့ သင်တန်းပြန်တက်လိုက်မှာပေါ့နော်။ ရုပ်ရှင်ကားကြီး ရိုက်ဖို့လာတာပေါ့နော်။ ဒီကနေဆက်သွယ်လို့ပါ။ နည်းနည်း စိတ်လှုပ်ရှားနေပါတယ်။ ဒီမှာသုံးလေးငါးရက်လောက်တော့ကြာမယ်”

မြင့်မြတ်နဲ့ရုပ်ရှင်အတူတူရိုက်ရမယ့်အတွက်ရင်ခုန်နေကြောင်းကိုတော့ “မြန်မာပြည်လာရတာ အရမ်း ဝမ်းသာတယ်ပေါ့။ အခုကျတော့ ရုပ်ရှင်ကားကြီး ရိုက်ရမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ မြန်မာပြည်ဘက်လာရတာ အရမ်းကြိုက်တယ်။ မြန်မာပြည်လာရင် ဗိုလ်တစ်ထောင်ဘိုးဘိုးကြီးကို အမြဲဆုတောင်းတယ်။ ထပ်ခါထပ်ခါရောက်အောင် အမြဲတမ်းဆုတောင်းတယ်။ အခုလည်းသွားပြီး ဆုတောင်းဦးမယ်”

အားပေးကြတဲ့ မြန်မာပရိသတ်တွေကိုကျေးဇူးတင်ကြောင်း “ဒီက ပရိသတ်များတယ်ပေါ့နော်။ Facebook မှာ အောက်မှာမန့်ကြတာတွေကိုဖြေချင်ပါတယ်။ ဒါပေမယ့်နားမလည်တဲ့အတွက် မဖြေနိုင်ခဲ့ဘူး။ အဲဒါလေးတော့ ခွင့်လွှတ်ပေးပါ။ love react ပဲနှိပ်နှိပ်ပေးနေရတာပေါ့နော်။ ဘာသာစကားမတတ်တဲ့ အတွက်ခွင့်လွှတ်ပေးပါ” ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။

AlinnMyay(အလင်းမြေ)