လက်ထပ်ပြီး တစ်ရက်သာရှိသေးတဲ့ သတို့သား ဟန်းနီးမွန်းထွက်ရင်း ရေနစ်သေဆုံး

236

ဖလော်ရီဒါ, စိန့်အော်ဂတ်စတင်းမှာ ရှိတဲ့ Crescent ပင်လယ်ကမ်းခြေမှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူကျောင်းသားအမည်ကတော့ Dalton Cottrell ဖြစ်ပြီး လက်ထပ်ထားတာရက်ပိုင်းသာရှိသေးတဲ့ ဇနီးဖြစ်သူလေးကတော့ Cheyenne Hedrick လို့ အမည်ရှိပါတယ်။

သူတို့နှစ်ဦး ပျော်ရွှင်စွာရေကစားနေစဉ် ရုတ်တရက်ဟန်ချက်ပျက်ပြီး ပင်လယ်နက်ပိုင်းထဲ ဆွဲခေါ်ခံရတယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။ ခင်ပွန်းဖြစ်သူကို ကယ်ရင်း အော်ဟစ်အကူအညီတောင်းခဲ့တာကြောင့် ရေကူးနေသူတစ်ဦးကကြားပြီး တာဝန်ရှိသူများ သွားရောက်အသိပေးလိုက်ပါတယ်။ ကယ်ဆယ်ရေးတစ်ဦးရောက်ရှိလာပြီး ကယ်ဆယ်ခဲ့ပါတယ်။

ရေထဲတွင် မိနစ်အတော်ကြာနစ်သွားခဲ့တာကြောင့် လူနာမှာ မျက်စံလည်ပြီး တက်နေခဲ့ရတယ်လို့ သိရပါတယ်။ ကယ်ဆယ်သူမှာလည်း ရှေးဦးသူနာပြုနည်းအတိုင်း ကယ်ဆယ်လို့မရနိုင်တာသိသိချင်း စိန့်အော်ဂတ်စတင်းမှာရှိတဲ့ ဆေးရုံကြီးကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။ သို့ပေမယ့် အသက်မမှီနိုင်ခဲ့ပါဘူး။ နှစ်ဦးစလုံးဟာ ကျောင်းသားအရွယ်တွေဖြစ်ပြီး အသက် ၂၂ နှစ်တွေသာရှိသေးတဲ့ ပူပူနွေးနွေးဇနီးမောင်နှံတွေဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဆိုးကြောင့် နှစ်ဦးနှစ်ဖက် မိဘတွေလည်း အတော်ကို စိတ်မကောင်းဖြစ်နေရရှာပါတယ်။ သူတို့ရဲ့ကျောင်းဆရာဖြစ်တဲ့ Dr.Jim Tillotson အမည်ရှိသူဟာ သေဆုံးသွားတဲ့ တပည့်ဖြစ်သူ Dalton အတွက် စိတ်မကောင်းဖြစ်ရသလို ကျန်ခဲ့သူ Hedrick ကိုလည်း တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးသွားမှာဖြစ်ကြောင်း ဝမ်းနည်းစွာပြောဆိုခဲ့ပါသေးတယ်။ AlinnMyay ပရိတ်သတ်ကြီးလည်း ငယ်ငယ်ရွယ်ရွယ်ပူပူနွေးနွေးလေးနဲ့ မုဆိုးမဖြစ်သွားရှာတဲ့ Hedrick လေးကို အားပေးနှစ်သိမ့်သွားပါဦးနော်။

San Htet Wa-AlinnMyay(အလင်းမြေ)

Source-FoxNews