ဒဂုံဧရာအဝေးအပြေးကားဝင်း ခရီးသည် လုရင်း လူသတ်မှုဖြစ်

171

ဒဂုံဧရာအဝေးအပြေးကားဝင်းလာသည့် ခရီးသည်ကို လုဆွဲခေါ်ကြရာမှ လူသတ်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးအပြေးကားဝင်းပေါက်တွင် ခရီးသည် ခေါ်ယူကြရာမှ စကားများ၍ ဓါးထိုးမှု ဖြစ်ပွားကြောင်း သိရသည်။

“သူတို့(၂)ဦးက ဧရာဝတီတိုင်းကို ပြေးဆွဲနေတဲ့ ကားလိုင်းတွေ အတွက် ခရီးသည် တစ်ဦးရရင် ဘယ်လောက်ဆိုပြီး ဂိတ်တွေမှ သတ်မှတ်ထားတဲ့ ငွေကြေးနဲ့ ဆွဲပေးနေကြတဲ့သူတွေ၊ ဟင်္သာတသို့ သွားမဲ့ ခရီးသည်ကို ဆွဲခေါ်ကြရင်း၊ အပြန်အလှန်စကားများ ကြတယ်၊ ဓါးအသင့်ပါလာတဲ့ ပြောင်ညို(ခ)သူရအောင်က ရဲမင်းအောင်ကို ဓားဖြင့် ထိုးလိုက်၍ ရဲမင်းအောင် သေဆုံးသွားတာ”ဟု အခင်းနေရာရှိနေသူ တစ်ဦးက ပြောတယ်။

“နီလာလမ်း၊ ကုလားစုကျေးရွာ၊ လှိုင်သာယာမြို့နယ် နေသူ ရဲမင်းအောင် (၂၃)နှစ် တွင် ဝဲဘက်ရင်ညွန့် ထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ (၂)တို့ဖြင့် အခင်းဖြစ်ပွားနေရာတွင် သေဆုံးသွားကြောင်း” ရဲမှတ်တမ်း အရ သိရသည်။

ပြစ်မှုကျူးလွန်သူ ပြောင်ညို(ခ)သူရအောင် (၁၆)နှစ် တွင် ထွက်ပြေး တိမ်းရှောင်နေ၍ ရဲတပ်ဖွဲ့မှ လိုက်လံ ဖမ်းဆီး နေကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ပြစ်မှုကျူးလွန်သူ ပြောင်ညို (ခ)သူရအောင် အား သောင်ကြီးနယ်မြေ ရဲစခန်းမှ (ပ)၂၀၇၉/၂၀၁၉၊ ရာဇာသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဆောင်ဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ထက်အောင်(တောင်ကြီး) Real News Distribution Agency

#ApannPyay