ဆရာမနှင်းနုကို သက်သေထိန်ချန်မှုနဲ့ နောက်တိုးတရားခံအဖြစ်လျှောက်ထားမှုကို တရားရုံးကပယ်ချ

256

ယနေ့ သြဂုတ်လ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စိတ်ဝင်စားနေကြတဲ့ ဗစ်တိုးရီးယားလေးအမှုရဲ့ တတိယရုံးချိန်းကို နေပြည်တော် ခရိုင်တရားရုံးမှာပြုလုပ်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး ဗစ်တိုးရီးယားလေးရဲ့မိခင်ဖြစ်သူက ဆရာမနှင်းနုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ရက်နေ့ ဒုတိယရုံးချိန်းမှာ သံသယနောက်တိုးတရားခံအနေနဲ့ စွဲချက်တင်လျှောက်ထားခဲ့တာကို ယနေ့တရားရုံးကနေ ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် မေလထဲမှာဖြစ်ပွားခဲ့တဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်ခဲ့တဲ့ ဗစ်တိုးရီးယားဆိုတဲ့ အသက် ၃နှစ်အရွယ် ကလေးငယ်လေးတစ်ယောက် လိင်ပိုင်းဆိုင်ရာစော်ကားခြင်း ခံခဲ့ရတဲ့အမှုကို တစ်နိုင်ငံလုံးကစောင့်ကြည့်နေကြတာပါ။ ဒီဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ ရဲစခန်းက တန်းအမှုမဖွင့်ပေးခဲ့တဲ့အကြောင်းတွေ၊ ရဲဘက်နဲ့အငြင်းပွားခဲ့ရတာတွေကိုလည်း ထပ်မံပြောပြခဲ့တယ်လို့သိရပါတယ်။

ရဲဘက်ကတော့ ကလေးပြောတာက အသက် ၁နှစ်ကနေ ၃နှစ်အရွယ်ကိုကိုလို့ပြောပေမယ့် မိဘတွေဘက်က ကလေးငယ်ဟာ အသက် ၁နှစ်ကနေ ၃နှစ်အရွယ်ဆိုတဲ့စကားကိုမပြောခဲ့ကြောင်းကန့်ကွက်ရာကနေ အငြင်းပွားခဲ့ကြောင်း ဗစ်တိုးရီးယားရဲ့မိခင်ဖြစ်သူကပြောပြခဲ့ပါတယ်။ အဲ့ဒါအပြင် Wisdom Hill မူကြိုကျောင်းရဲ့ကျောင်းအုပ်ဖြစ်တဲ့ ကိုပညာဟာ စီစီတီဗီမှတ်တမ်းကို ငါးရက်စာအထိပြန်ကြည့်လို့ရမယ်လို့ပြောခဲ့ပေမယ့် ပြန်ကြည့်လို့မရခဲကြောင်းကိုသိရပါတယ်။

အဲ့တာအပြင် ယနေ့တတိယမြောက်ရုံးချိန်းစစ်ဆေးနေချိန်မှာ မီးပျက်သွားခဲ့တာကြောင့် လက်ရှိ သံသယတရားခံကိုအောင်ကြီးရဲ့ရှေ့နေမေးမြန်းထားတဲ့ တစ်ချို့အချက်အလက်တွေကို သိမ်းထားတဲ့ကွန်ပြူတာဟာ ပိတ်သွားတဲ့အတွက် အချက်အလက်တစ်ချို့ကို မသိမ်းထားမိတာမျိုးရှိနိုင်တယ်လို့ ရှေ့နေဒေါ်ရွက်နုအောင်က ပြောပြခဲ့ကြောင်းသိရပါတယ်။

Yenin Phawah-AlinnMyay(အလင်းမြေ)