ငယ်ငယ်က ကစားစရာပေးခဲ့တဲ့ ဦးလေးကို (၁၅)နှစ်အကြာမှာ ကားလက်ဆောင် ပြန်ပေးခဲ့သူ

306

ကျွန်တော်တို့ဘ၀တွေမှာ ငယ်ငယ်က ဦးလေးတွေ၊ အဒေါ်တွေကပဲဖြစ်ဖြစ် မုန့်ဖိုး၊ အရုပ်စတဲ့ တစ်ခုခုပေးတာမျိုးကြုံခဲ့ဖူးမှာပါ။ ကိုယ်လိုချင်တဲ့အရုပ်လေးကို အပေးခံရတာမျိုး၊ စားချင်တဲ့မုန့်လေးတွေ ၀ယ်ကျွေးခံရချိန်မှာ တစ်ချိန်ကျရင် ကိုယ်တတ်နိုင်တဲ့အခါ ဒီလိုမျိုးလေးပြန်လုပ်ပေးမယ်လို့ တွေးထားတာရှိပါတယ်။

ဒီလိုမျိုးအကြံအတိုင်း အကောင်အထည်ဖော်ခဲ့သူကတော့ စတီဗင် အီလိရော့ ဆိုတဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးကပါပဲ။ သူ့ဘ၀ငယ်စဉ်က ဈေးအရမ်းကြီးပြီး၊ လိုချင်မိခဲ့တဲ့ PS2 ဂိမ်းစက်လေးကို ဦးလေးဖြစ်သူက ညီအစ်ကိုနှစ်ယောက်ဆော့ဖို့ဆိုပြီး လက်ဆောင်ဝယ်ပေးခဲ့ဖူးပါတယ်။ အဲဒီအချိန်က တော်တော်လေးကို ဈေးကြီးတဲ့အချိန်ဖြစ်ပြီး၊ ဦးလေးဖြစ်သူဟာ တစ်လစာလုံးရင်းပြီး ၀ယ်ပေခဲ့ရတာပါ။

ဒေါ်လာ (၄)ရာတောင် ပေးရတဲ့ ဂိမ်းစက်ဟာ ဆင်းရဲလွန်းတဲ့ စတီဗင်ညီအစ်ကိုအတွက် ဘ၀မှာပထမဆုံးရခဲ့တဲ့ အရုပ်လက်ဆောင်ဖြစ်ခဲ့ပြီး၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဦးလေးဖြစ်သူဆီကို ပြန်ပြီး၊

လက်ဆောင်ပေးနိုင်ရမယ်လို့ ကတိခံထားခဲ့ပါတယ်။ (၁၅)ကျော်ကြာပြီးတဲ့အချိန်မှာတော့ ကတိအတိုင်းပဲ ဦးလေးကို လက်ဆောင်ပေးနိုင်ခဲ့ပြီး၊ တော်တော်လေးကို အဖိုးတန်တဲ့ SUV ကားကို လက်ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီအကြောင်းကို ဆိုရှယ်မီဒီယာပေါ်မျှဝေးခဲ့ပြီးချိန်မှာတော့ လူတိုင်းက သူ့ရဲ့ ပုံပြင်လေးကို နှစ်သက်ကြပြီး၊ တော်တော်များများက သူတို့ဖြစ်ချင်တဲ့အိပ်မက်ဖြစ်ကြောင်းကို ထောက်ခံခဲ့ကြပါတယ်။ စတီဗင်ဟာ လက်ရှိမှာ စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ လုပ်ကိုင်နေသူဖြစ်ပြီး၊ တန်ဖိုးကြီးနာရီတွေကို ဈေးသက်သာတဲ့ပုံစံနဲ့ ပိုကောင်းအောင်လုပ်ပြီး၊ရောင်းချနေတဲ့ လူငယ်တစ်ဦးပါ။

ဒေါ်လာ (၄)သိန်းကျော်ဖိုး ရောင်းချခဲ့ပြီဖြစ်ပြီး ကမ္ဘာ့အတော်ဆုံး အသက်(၃၀)အောက် လူငယ်စာရင်းမှာမနှစ်က ပါခဲ့သူလို့ သိရပါတယ်။ လက်ရှိမှာလည်း ဆက်လက်လုပ်ကိုင်နေပြီး၊ အသက် (၂၄)နှစ်ပဲရှိသေးတယ်လို့ သိရပါတယ်။

သူရေး (D Nae Thit)