(ကနဦးသတင်း) ရန်ကုန်လေဆိပ်၌ လေယာဉ် ဆင်းသက်စဉ် ရှေ့ဘီးကျိုး..

273

မန္တလေးမှ ရန်ကုန်သို့ ခရီးစဉ်ပျံသန်းလာသည့် Golden Myanmar လေကြောင်းလိုင်း Y5-506 ATR-72-600 လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ရှေ့ဘီးကျိုးမှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။

ယနေ့ညနေ ၄နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေဆိပ်ကို ယာယီပိတ်ထားရကြောင်း၊ လေယာဉ်ပေါ်တွင် ခရီးသည် မြန်မာ (၆၆) ဦး၊ နိုင်ငံခြားသား (၅) ဦး၊ စုစုပေါင်း (၇၁) ဦး လိုက်ပါလာပြီး ခရီးသည်များ ထိခိုက်မှုမရှိကြောင်း သတင်းရရှိပါသည်။

AlinnMyay(အလင်းမြေ)

Photo Credit – Noel Aung Facebook