သမီး​လေး ဘာလို့ လမ်း​ဘေးမှာ ​တောင်း​နေတာလဲလို့ ​မေးလိုက်တော့… အမေ့မှာ အကြွေးတွေအများကြီးပဲတဲ့

210

သမီး​လေး – ဘာလို့ လမ်း​ဘေးမှာ ​တောင်း​နေရတာလဲလို့ ​မေးတဲ့အခါ အ​မေ့မှာ ​ကြွေး​တွေနဲ့ တဲ့ – သူယူတဲ့​ကြွေးက သူပြန်​ဆပ်​ရမှာ​လေ – သမီးနဲ့ ဘာဆိုင်​လို့ လဲ လူကြီး​တွေသုံးဖြုန်းထားတဲ့​ကြွေးကို ဘာမှန်း မသိတဲ့က​လေးက လမ်း​ဘေးမှာ​တောင်းရမ်း ပြီး ပြန်​ဆပ်​ရမယ်​ဆို အဓိပ္ပါယ်​ ရှိပါ့မလား သမ်ီး ​ဖြေကြည့်

အသံထွက်​မလာဘဲ စိုက်​ကြည့်​​နေတယ်​😳 သမီးတို့ အရွယ်​က စာသင်​ရမယ်​ -အိမ်​ကို ဝိုင်းကူတယ်​ဆိုရင်​​တောင်​ အိမ်​တွင်းအလုပ်​ ​လေး​တွေသာ ဖြစ်​ရမယ်​ – ခုက မိုးထဲ​ရေထဲ အများသွားတဲ့ ပလက်​​ဖောင်း​ပေါ် ထိုင်​​တောင်း ​နေရတာ – ​ကျောင်းတက်​ချင်​လားဆို​တော့ ​ခေါင်းညိမ့်​တယ်​ – ဒီအလုပ်​ကို ထားပြီး​ကျောင်း တက်​မလားဆို​တော့ အ​မေ့ကို သနားတယ်​တဲ့ သမီးမလိုက်​ဘူးတဲ့

စုံစမ်းသိရသ​လောက်​ သူ့ အ​မေဟာ စရိုက်​ကြမ်းတယ်​ – သူ့ အ​မေလဲ ရင်​ခွင်​ပိုက်​ ဌားရမ်းပြီး ဂုံးတံတား​အောက်​ ​တောင်းတယ်​ – သူ​တောင်းသမျှက အိမ်​လခ ဖြစ်​ပြီး သူ့ သမီး​တောင်းတာက ​နေ့ စဉ်​ စားစရိတ်​လို့ က​လေးယုံ​အောင်​ ​ပြောထားတယ်​ ည​နေမိုးချုပ်​ပြီဆိုရင်​​တော့ သူတို့ ဂိုဏ်းသား အစုအဖွဲ့ ​တွေ က​လေး​တွေကို လာ​ခေါ် တ​နေရာမှာစု – တ​နေ့ လုံး ​တောင်းထားသမျှ ​ဝေစုခွဲ – ​ခေါင်း​ဆောင်​ကိုလဲ ပမာဏတခု အပ်​ရတယ်​ – ပြီးမှ ကျူး​ကျော်​အိမ်​ဆီ ပြန်​ ( က​လေးအ​မေတဦးက​တော့ ကြည့်​မြင်​တိုင်​ တဖက်​ကမ်းကို သမ္မာန်​စီးပြီး ပြန်​တယ်​- တခါတ​လေ ကျွန်​​တော်​လိုက်​သွားတယ်​ သမ္မတကမ်း​ခြေဘက်​ ပြန်​တဲ့ က​လေး​တွေနဲ့ လဲ အိမ်​အပြန်​ လိုက်​သွားဖူးတယ်​ )

ကူညီသူဟာ သူတို့ မိသားစုစားဝတ်​​နေ​ရေးကို ဖျက်​ဆီးသူလို့ က​လေးငယ်​​တွေရဲ့ ​ခေါင်းထဲ ခိုင်းစားသူများက အရိုးစွဲ​အောင်​ ရိုက်​ထည့်​ ထားကြတယ်​ – ရိုက်​တာမှ ပြန်​မလှန်​ရဲ​အောင်​ကို ရိုက်​တာပါ – လာ​ခေါ်ရင်​ မလိုက်​နဲ့ - ​ကျောင်း ​နေမလားဆို မ​နေဘူးလို့ ​ဖြေ – ဘာလိုလဲလို့  ​မေးရင်​ အ​မေ့မှာ ​ကြွေး​တွေရှိတယ်​လို့ ​ဖြေ သမီးတို့ က မိဘကို ပြန်​လုပ်​​ကျွေးနိုင်​တာ ဘယ်​သူ​ခေါ်​ခေါ် မလိုက်​နဲ့ လို့ က​လေး​တွေ နားထဲ အဆိပ်​ခတ်​ထားတယ်

စာမတတ်​ဘဲ ဒီက​လေး​တွေ ကြီးလာတဲ့အခါ ​ယောက်ျား​လေး​တွေဆို ဘာဖြစ်​မလဲ ဒီတပတ်​ထဲဘဲ ​ရောင်းစားခံရတဲ့ မိန်းက​လေး တဦးကို ကယ်​ခဲ့ရ​သေးတယ်​ – ခု ဒီသမီး​လေး အပျို​ဖော်​ဝင်​ရင်​​ရော

ကျွန်​​တော်​ ​ဒေါသအလိတ်လိုက်​ထွက်​လာတယ်​ မကြာပါဘူး – ဒီသမီး​လေးကိုလဲ သူတို့ ဆက်​ လက်​ ​စေခိုင်းကြ​တော့မယ်​ – ဒီက​လေးကို ဘယ်​လို​ခေါ်သွားရင်​ ​ကောင်းမလဲ -က​လေးက လဲ သူ့ ကို ဒီလိုထားသူ​တွေကို မဟာ​ကျေးဇူး ရှင်​ကြီးလို့ ထင်​ရှာတယ်​ – နားထဲအဆိပ်​ခတ်​ ထား​တော့ ကူညီသူရဲ့ စကားကို နားမဝင်​ ရှာဘူး

ဒီလို က​လေး​တွေကို ကယ်​ထုတ်​ဖို့ ကျွန်​​တော်​တို့ အားလုံးမှာ တာဝန်​ရှိ ပါတယ်​ – ( တ​နေ့ ကပဲ အရူးမရဲ့  က​လေးကို စာသင်​ဖို့ ​ခေါ်ယူပြီးပါပြီ )

ခု က​လေးကိုလဲ ထပ်​မံစည်းရုံးကြည့်​ပါ အုံးမယ်​ – ခုလို သမီးငယ်​များ​တွေ့ ရင်​လဲ ဝိုင်းဝန်း​ဖျောင်းဖျ​ခေါ်ယူပြီး ကျွန်​​တော့်​ဆီ ဖုန်းဆက်​​ပေးကြပါ – 09795405022

ခု က​လေးကို ​ထပ်​မံ​စောင့်​ကြည့်​ စည်းရုံး​ပေးဖို့ တာဝန်​ယူ​ပေးတဲ့ မခိုင်​​လေး ကို ​ကျေးဇူးပါ

ပလက်​​ဖောင်း​ပေါ်က မတရား​စေခိုင်း ခံရတဲ့ က​လေးငယ်​များ ပ​ပျောက်​​အောင်​-

စာသင်​ခန်းထဲ​ရောက်​​အောင်​ ကျွန်​​တော်​ အားလုံးပါဝင်​​ဆောင်​ရွက်​ကြပါစို့ ခင်​ဗျာ

Phoe Zaw