ဆရာဝန်တစ်ဦး သင်္ချိုင်းဘေး အိမ်​​ဆောက်​ပြီး တစ်​​ယောက်​ထဲ နေတာသိချင်လို့မေကြည့်တဲ့အခါ

595

ဒေါက်တာတစ်ဦးတည်း သင်္ချိုင်းဘေး အိမ်​​ဆောက်​ပြီး တစ်​​ယောက်​ထဲ နေတာသိချင်လို့မေကြည့်တဲ့အခါ

ဆရာဝန်​တဲ့​ဟေ့

“​ဒေါက်​တာက သင်္ချိုင်းဘေး အိမ်​​ဆောက်​ပြီး တစ်​​ယောက်​ထဲ နေတယ်​​နော်​။ မ​ကြောက်​ဘူးလား”

“ဘာကို ​ကြောက်​ရမှာလဲဗျ”

“သရဲခြောက်မှာကို ပြောတာ”

“​​အော်​… သူတို့ လာကြပါတယ်​။ ပြူးတူးပြဲတဲလည်း လုပ်ပြကြတယ်”

“အမလေး… ဒါတောင် ဒေါက်တာက မလန့်ဘူးနော်”

“လန့်ရတာက သူတို့ပါဗျာ။

ကျွန်တော် စကားတစ်ခွန်းလောက် ပြောလိုက်ရင်ကို ဒီကောင်တွေ လုံး​နေ​အောင်​ ထွက်ပြေးကြရတာ”

“​အလို… ဒေါက်​တာက ဘာ​ပြောလိုက်​လို့လဲ”

“​ဆေးထိုးအပ်​ ​ထောင်​ပြပြီး… နောက်​တစ်​ခါ ထပ်​​သေချင်​လို့လားလို့ ​မေးလိုက်​တာ​လေ။သူတို့အားလုံး ကျွန်​​တော့်​လူနာ​ဟောင်း​တွေချည်းပဲဗျ”

Ko Thi

အူးမင်းထိုက်ပြန်လည်မျှဝေသည်။ ရယ်မောခြင်းဖြင့် အသက်ရှည်ကြပါစေ….