ထိုင်​ဝမ်​​နိုင်​ငံ​ရဲ့ ​ကျောင်း​တစ်​ခုမှာ ​ယောကျာင်္း​လေး​တွေကိုပါ စကတ်​ဝင်​ခွင့်​ပြု သွားမည်

143

ကျားမတန်းတူညီမျှမှု အ​တွက်​ ကမ္ဘာနဲ့အာရှတိုက်​မှာ လှုပ်​ရှားမှုအမျိုးမျိုးရှိခဲ့ပြီး အာရှတိုက်​မှာ​တော့ ထိုင်​ဝမ်​နို​င်​ငံက ကျားမမ​ရွေး တန်းတူညီမျှ မှုရရှိ​ရေးအတွက်​ အတက်​ကြွဆုံးနို​င်​ငံတစ်​ခုဖြစ်​လာခဲ့ပါပြီ။

ပြီးခဲ့တဲ့ ​မေလက လိင်​တူစုံမက်သူချင်းလက်​ထပ်​ခွင့်​ ဥပ​ဒေကို တရားဝင်​ခွင့်​ပြုခဲ့တဲ့ ထိုင်​ဝမ်​နိုင်​ငံဟာ အာရှတိုက်​မှာ ပထမဆုံးအ​နေနဲ့ လိင်​တူလက်​ထပ်​ခွင့်​ဥပ​ဒေကို ပြဌာန်းနို​င်​ငံတစ်​ခုဖြစ်​လာခဲ့သလို အခုအခါမှာလဲ ထို​င်​ဝမ်​က စာသင်​​ကျောင်းတစ်​ခုမှာ ​ကျောင်းဝတ်​စုံဝတ်​ဆင်​ရာမှာလဲ ကျားမညီမျှမှုရှိ​စေဖို့ ​ကျောင်းသူ​တွေအပြင်​ ​ကျောင်းသား​တွေကိုပါ စကတ်​ဝတ်​ဆင်​ခွင့်​ပြုသွားမှာပဲဖြစ်​ပါတယ်​။

အဲ့ဒီ ​ကျောင်းဟာ နယူးတိုင်​​ပေမြို့မှာတည်​ရှိပြီး အသက်​ ၁၆ က​နေ ၁၈ နှစ်​အရွယ်​ကြား ​ကျောင်းသူ​ကျောင်းသားဦး​ရေ ၂ထောင် ​ကျော်​ပညာသင်​ကြား​နေတယ်​လို့ သိရသလို ထိုင်​ဝမ်​ရဲ့ လာမယ့်​ စာသင်​နှစ်​ရာသီ သြဂုတ်​လ ၃၀ ရက်​​နေ့ကစတင်​ပြီး ​ယောကျာင်္း​လေး​တွေ စကတ်​ဝတ်​ဆင်​ခြင်းကို ကျားမခွဲခြားမှုမရှိ တရားဝင်​ခွင့်​ပြု​ပေးသွာ​တော့မှာဖြစ်​တယ်​လို့ သိရှိရပါတယ်​။

အလားတူပဲ ​ဝေးလ်​စ်​နိုင်​ငံမှာလဲ လာမယ့်​စက်​တင်​ဘာတစ်​ရက်​​နေ့ကစတင်​လို့ ​ကျောင်းဝတ်​စုံဝတ်​ဆင်​ခြင်းမှာ ကျားဝတ်​စုံ၊ မဝတ်​စုံ စသည်​ဖြင့်​ ခွဲခြားမှုရှိ​တော့မှာမဟုတ်​​ကြောင်း အစိုးရက တရားဝင်​အတည်​ပြုသွားခဲ့တာပါ။
မက္ကဆီကိုမြို့​တော်​မှာလဲ မက္ကဆီကိုမြို့​တော်​ဝန်​က အခုလိုတရားဝင်​​ကြေငြာသွားခဲ့ပြီးဖြစ်​ပါတယ်​။

နိုင်​ငံတကာမှာ ကျားမတန်းတူညီမျှမှု၊ ကျားမမခွဲခြား​ရေး ကဏ္ဍ၊ LGBT+ အခွင့်​အ​ရေး အတွက်​ အထူးအာရုံစိုက်​လုပ်​​ဆောင်​မှုရှိလာခဲ့ပြီဖြစ်​သလို ​ကျောင်းဝတ်​စုံဝတ်​ဆင်​ခြင်းမှာပါ ကျားမလူမှုကဏ္ဍခွဲခြားခြင်းမရှိတဲ့ လွ​တ်​လပ်​စွာဝတ်​ဆင်​ခွင့်​ပြုခြင်း​ကြောင့်​ လိင်​​ပြောင်းလဲခွဲစိတ်​မှုပြုလုပ်​ထားတဲ့ ဆယ်​​ကျော်​သက်​​ကျောင်းသူ​ကျောင်းသား​တွေအ​နေနဲ့လဲ ဖိအားကင်းကင်း၊ လွတ်​လပ်​မှုအပြည့်​နဲ့ ​ကျောင်းဝတ်​စုံကို​ဝတ်​ဆင်​နိုင်​ပြီဆိုတဲ့ အကျိုး​ကျေးဇူးရှိလာခဲ့ပါတယ်​။

EFIL-AlinnMyay(အလင်းမြေ)