ဘန်​​ကောက်​မြို့တစ်​မြို့လုံး ဗုံးလန့်​​နေချိန်​ ပိုင်​ရှင်​မဲ့ အိတ်နှစ်​လုံး

246

မ​နေု့က သြဂုတ်​လ ၂ ရက်​​နေ့၊ နံနက်​ ၅နာရီခွဲဝန်းကျင်​က ဘန်​​ကောင်​မြို့လည်​​ခေါင်​၊ စရမ်​ပါရဂွန်​ကုန်​တိုက်​မှာ ဖွင့်​လှစ်​ထားတဲ့ ဂျပန်​အရုပ်​ဆိုင်​ခန်းမှာ မသမာသူ​တွေရဲ့ မီး​လောင်​ဗုံးဒဏ်​​ကြောင့်​ စတင်​ပြီးမီးစွဲ​လောင်​​ခဲ့တယ်​လို့ Daily news နဲ့  Nation သတင်းတွေမှာ ​ဖော်​ပြထားချက်​အရ သိရှိရပါတယ်​။

သြဂုတ်​လ ၁ ရက်​​နေ့၊ ည​နေ ၃နာရီခွဲဝန်းကျင်​မှာ ​ကျောင်းသားတစ်​ဦးလို ဝတ်​စားဆင်​ယင်​ထားပြီး ဦးထုတ်​အနက်​​ဆောင်းကာ နှာ​ခေါင်းကိုဖုံးအုပ်​ထားတဲ့ မသမာသူ တရားခံတစ်​ဦးက မီး​လောင်​ဗုံးလို့ ယူဆရတဲ့ လက်​နက်​ပစ္စည်းတစ်​ခုကို ဂျပန်​အရုပ်​ဆိုင်​ခန်းအတွင်းက အရုပ်​​တွေအကြား ထားခဲ့သွားတယ်​​ကြောင်း CCTV မှတ်​တမ်း​တွေအရ ​စစ်​​ဆေး​တွေ့ရှိခဲ့ကြတာပါ။

အဆိုပါ ဘန်​​ကောင်​မြို့လယ်​​ခေါင်​မှာဖြစ်​ပွားခဲ့တဲ့ ဗုံးခွဲမီးရှို့မှု​တွေကို ကျူးလွန်​ခဲ့ကြသူ ၁၀ ဦးထဲက ၅ ဦးကို သြဂုတ်​လ ၂ ရက်​​နေ့၊ မနက်​ ​၄ နာရီမှာတင်​ ထိုင်းနိုင်​ငံအမျိုးသားလုံခြုံ​ရေးတပ်​ဖွဲ့က ​ခြေရာခံနိုင်​ခဲ့လို့ ချွန်​ဖုန်းခရိုင်​၊ အ​ဝေး​ပြေးကားဂိတ်​မှာ ဖမ်းဆီးရမိခဲ့ပြီး လူအင်​အား ၁၀ ဦးကို အသုံးပြုလို့ ​နေရာအနှံ့မှာ ဗုံး​ထောင်​၊ မီးရှို့၊ ဗုံးအသွင်​လုပ်​အိတ်​​တွေ ချခဲ့ကြသူ​တွေဖြစ်​တယ်​လို့ သိရှိရပါတယ်​။

ဘန်​​ကောင်​တစ်​မြို့လုံးတုန်​လှုပ်​​သွေးပျက်​သွားခဲ့ရတဲ့ ဒီဖြစ်​ရပ်​မှာ အသက်​ ၁၅ နှစ်​ နဲ့ ၁၇ နှစ်​အရွယ်​ ​ကျောင်းသား ၃ ဦး ပါဝင်​ခဲ့တယ်​လို့ ​နောက်​ဆက်​တွဲသတင်းအရ သိခဲ့ရပြီး ဖလမ်​​ကောက်​လမ်းမကြီး​ပေါ်မှာ ဗုံးအိတ်​​တွေချခဲ့သူ​တွေဖြစ်​​ကြောင်း သိခဲ့ရတာပါ။

အာဏာပိုင်​တပ်​ဖွဲ့က ဖမ်းဆီးရမိတဲ့ တရားခံ​တွေကိုစစ်​​ဆေးရာမှာ​တော့ လက်​လွန်​​သေဆုံးသွားခဲ့တဲ့ဖြစ်​ရပ်​ကို လက်​တုံ့ပြန်​ခဲ့ကြတာဖြစ်​​ကြောင်း ဝန်ခံ​ထွက်​ဆိုချက်​ရှိခဲ့တယ်​လို့ သိရပြီး Daily news နဲ့  Nation သတင်းတွေမှာ ကိုးကား ​ဖော်​ပြထားခဲ့တာပါ။

Source – SAW

EFIL-AlinnMyay(အလင်းမြေ)