လေလွင့်ကြောင်လေးတွေကို အစာကျွေးလို့ ထောင်ထဲသွားရတဲ့ ၇၉ နှစ်အရွယ်အဘွား

252

Garfield Heights မြို့လေးမှာတော့ လေလွင့်တိရစ္ဆာန်လေးတွေကို အစာကျွေးဖို့ တားမြစ်ထားကြောင်း သိရပါတယ်။ သို့ပေမယ့် Nancy Segual လို့ အမည်ရှိတဲ့ အဘွားအိုကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အိမ်နီးချင်းတစ်ယောက်က ကြောင်လေးတွေကို ပစ်ထားခဲ့ပြီးအိမ်ပြောင်းသွားတာကြောင့် ထိုကြောင်လေးတွေကို အစာကျွေးမယ့်သူမရှိတာကြောင့် သနားပြီး အစာကျွေးခဲ့တာဖြစ်ပါတယ်။ ထိုသို့ကျွေးခဲ့တာကြောင့် ကြောင်လေးတွေဟာ ယခုဆို အလွန်ကိုများပြားလာနေပါပြီ။

ဘေးအိမ်နီးချင်းရဲ့အိမ်တွေကိုပါ ကြောင်လေးတွေက ဝင်နေတာကို အချို့အိမ်နီးချင်းတွေက မကြိုက်တာကြောင့် ခဏတိုင်း ထိုအဘွားအိုကို တိုင်ကြားခဲ့ကြပါတယ်။ တစ်ခါမကတော့တာကြောင့် ယခုလို ထောင်ထဲပို့ဖို့ ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ Riley အမည်ရှိသူ အိမ်နီးချင်းအမျိုးသားကလည်း လေလွင့်ကြောင်လေးတွေကို အစာမကျွေးဖို့ တားခဲ့ပေမယ့် အဘွားကတော့ လျစ်လျူရှု့ခဲ့တယ်လို့လည်းသိရပါတယ်။

ထိုသတင်းကို ကြားတဲ့အဘွားအိုရဲ့ သားဖြစ်သူ Dave Pawlowski ကတော့ ဒီကောင်းမွန်တဲ့ လုပ်ရပ်ကို ဘာ့ကြောင့်ထောင်ချတဲ့အထိ အပြစ်လုပ်ရတာလည်းဆိုပြီး ဒေါသထွက်စိတ်ပျက်နေခဲ့ရပါတယ်။ သူမကိုယ်တိုင်လည်း ဒါဟာသိပ်ကို ရိုးရှင်းပြီး ကူညီသင့်လို့ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုနေပါတယ်။ အခြားသူတွေဆို လူမဆန်စွာ လေလွင့်တိရစ္ဆာန်လေးတွေကို သတ်ဖြတ်နေကြတာ၊ ထိုသူတွေကို ဖမ်းသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒီလို ပြစ်ဒဏ်ကို ထုတ်ပြန်ရခြင်းက မြို့မှာနေထိုင်တဲ့ လူတွေ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ လေလွင့်တိရစ္ဆာန်တွေ ထပ်ပြီး မပွားတော့အောင် အစာကို ကိုယ်တိုင်သာ ရှာစားစေအောင် တားမြစ်ထားတယ်လို့ သိရပါတယ်။

San Htet Wai-AlinnMyay(အလင်းမြေ)

Source-CNN