သင့် အိမ်မှာ စိုက်ထားလိုက်ရုံနဲ့ ခြင်၊ ယင်၊ ပိုးဟပ်တွေ လုံးဝ မလာတော့တဲ့ ဒီအပင်

131

မိုးရာသီမှာ အဖြစ်အများဆုံး ပြဿနာက ခြင်၊ ယင်၊ ပိုးဟပ်တွေ နေရာအနှံ့သောင်းကျန်းတာကိုပါ။ ခြင်ကိုက်ခံပြီး ရောဂါရတာ၊ ယင်နားစာကြောက်ရတာ၊ ပိုးဟပ်တွေ အိမ်မှာနေရာအနှံ့ လျှောက်သွားနေတာ အကုန်လုံးက ဖြေရှင်းဖို့နည်းလမ်းရှိပါတယ်။ ဆေးတွေဖျန်းတာက လူကိုပါ ဒုက္ခရောက်စေသလို မလိုလားအပ်တဲ့ ဆိုးကျိုးတွေရစေပါတယ်။

ဒီဆေးတွေရဲ့ အဓိကက သူတို့ကြောက်တဲ့ အနံ့ကြောင့်ဖြစ်တဲ့အတွက် အနံ့ဖျန်းတုန်းခဏပဲ အကျိုးရှိပါတယ်။ ဒီလိုအနံမျိုးကို သဘာဝအတိုင်းပဲ ထုတ်လွှင်ပြီး၊ အကျိုးကျေးဇူးတွေရစေမယ့် အပင်တစ်ပင်ကလည်း သဘာဝအတိုင်းရှိနေပါတယ်။ အဓိကကာကွယ်တာက ပင့်ကူတွေ လုံးဝမလာအောင်၊ အသီးမှာ ယင်နားတာမျိုးမဖြစ်အောင်၊ သဘာဝအတိုင်းလေကိုလတ်ဆတ်အောင် ကူညီပေးပါတယ်။

ပူစီနာ

သူ့ကိုတော့ ပူဒီနာအပင်လေးတွေလို့ မြန်မာလို့ခေါ်ပါတယ်။ အသိများတာက ပူစီနာပင်ဆိုပြီးတော့ပါ။ ကျွန်တော်တို့ဆီမှာ ထမင်းထဲအတို့အမြုပ်နဲ့ ထည့်တောင်စားကြပေမဲ့ ခြင်၊ ယင်၊ ပိုးဟပ်တွေအတွက်တော့ သူ့အနံ့က တော်တော်လေးကို ဆိုးဝါးတဲ့ အရာပါပဲ။ တစ်ပင်ပဲ အိမ်မှာ စိုက်ထားလိုက်တာနဲ့ အနံ့ကြောင့် ပင့်ကူဟာ အိမ်မှာလုံးဝမလာတော့သလို အသီးပေါ်ယင်နားတာတွေလည်း လုံးဝမရှိတော့ပါဘူး။

လူပြောများကြတဲ့ ငရုတ်ကောင်းပင်၊ နာနတ်ပင်၊ လိမ္မော်ပင်တို့ကို အိမ်မှာစိုက်တာကလည်း ထပ်တူညီတဲ့အကျိုးကို ရမှာဖြစ်ပေမဲ့ ပူဒီနာအပင်လောက်တော့ နည်းလမ်းကျကျဖြစ်မှုမှာ မထိရောက်ဘူးလို့ သိရပါတယ်။ ငရုတ်ကောင်းပင်ကအနံ့ကိုလည်း အင်းဆက်တွေက ကြောက်တဲ့အတွက် စိုက်လို့လည်းရပါတယ်။ လူတော်တော်များများက ဒီနည်းလမ်းကို မသိဘဲ ခြင်ဆေးထွန်းတာ၊ ဆေးဘူးဖျန်းတာတွေပဲ လုပ်နေတဲ့အတွက် ကိုယ့်ကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။

ငရုတ်ကောင်းဆီ

ပူဒီနာကတော့ ထမင်းစားရင်အတို့အမြုပ်လေးပါ ထည့်စားလို့ရတဲ့အပြင် သွားကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့အတွက် နည်းလမ်းတကျနဲ့ အိမ်မှာစိုက်ထားလိုက်တာက တကယ့်ကို အကျိုးပြုစရာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

သူရေး (D Nae Thit)