Texas ပစ်ခတ်မှုမှာ နှစ်လအရွယ်သားလေးကို ကာကွယ်ရင်း သေသွားခဲ့ရတဲ့ ၂၅ နှစ်အရွယ်မိခင်

217

ခုတစ်လောနာမည်ကြီးနေတဲ့ Cielo Vista Mall Walmart မှာဖြစ်သွားခဲ့တဲ့ မိနစ်၂၀ ကြာပစ်ခတ်မှုကြီးမှာ လူပေါင်း နှစ်ဆယ်ခန့်သေဆုံးခဲ့ရပြီး ၂၆ ယောက်နဲ့အထက်ကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုပစ်ခတ်မှုကို Donald Trump ကိုယ်တိုင်ကလည်း အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်မှု အကြောင်းပြချက်၊ဖြေရှင်းချက် ပေးခွင့်မပြုဘဲ တရားမျှတအောင် ပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ပြောသွားခဲ့တယ်လို့ သိရပါတယ်။

ထိုသေဆုံးမှုထဲမှ အသက် ၂၅ နှစ်အရွယ် Jordon Anchondo အမည်ရှိသူမိခင်တစ်ဦးကတော့ ထိုနေရာကို ရှော့ပင်ထွက်ဖို့သွားရင်း ရောက်ရှိနေခဲ့တာလို့ သိရပါတယ်။ သူမအနေနဲ့ လူတွေအုံကြွစွာပြေးနေတဲ့အချိန်မှာ သားငယ်လေးကိုပဲ ကာကွယ်ဖို့ စိတ်ရှိနေတာကြောင့် ပြေရင်း ကံဆိုးစွာနဲ့အပစ်ခံခဲ့ရတာဖြစ်ပါတယ်။ ထိုအချိန် သားငယ်လေးကို ကာကွယ်ချင်စိတ်ကြောင့် အပေါ်ကဖိပေးရင်းပစ်ခံရတဲ့အချိန် သားလေးပေါ်ပြုတ်ကျသွားကာ နှစ်လှအရွယ်သားငယ်လေးမှာလည်း အရိုးတစ်ချို့ကျိုးသွားကြောင်းသိရှိခဲ့ရပါတယ်။

ပစ်ခတ်သူရဲ့ရည်ရွယ်ချက်ကတော့ စပိန်လူမျိုးတွေကို အဓိကထားကာ သတ်ချင်တာလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိခင်အနေနဲ့တော့ သားငယ်လေးကို သေဘေးမှ ကာကွယ်ပေးလိုက်နိုင်ပါတယ်။ ခုဆို သားငယ်လေးရဲ့ အရိုးကျိုးသွားမှုကို ကုသပေးဖို့ ဆေးရုံတင်ထားပြီး ဘေးကင်းစွာ ရှိနေပါပြီ။ ကလေးကိုတော့ သူမနှင့် သက်ဆိုင်ရာမိသားစုက စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

AlinnMyay ပရိတ်သတ်ကြီးရော ငယ်ငယ်လေးနဲ့ မိတဆိုးဖြစ်သွားတဲ့ကလေးငယ်လေးကို ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။ အသက်ငယ်ပေမယ့်လည်း မိခင်စိတ်ဓါတ်အပြည့်နဲ့ သားငယ်လေးကို ကာကွယ်ပေးခဲ့တာဟာ တကယ်ကို ဂုဏ်ယူစရာပါပဲ။ ဒါကြောင့် မိဘကို ရှိတုန်းတန်ဖိုးထားကြဖို့ ပြောလိုက်ပါတယ်နော။်

San Htet Wai-AlinnMyay(အလင်းမြေ)

Source-Ladbible