အရုပ်မတွေရောင်းတဲ့ ဆိုင်ထဲကို ဖောက်ထွင်း ခိုးဝင်ပြီး၊ အရုပ်မကို သားမယားပြုကျင့်သူ

455

တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ စိတ်မထိန်းနိုင်လို့ လူကြီးကစားစရာ Sex Doll သီးခြားရောင်းချတဲ့ အရုပ်မဆိုင်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး၊ မိနစ်(၄၀)ကြာ သောင်းကျန်းခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘေဂျင်းက လူကြီးကစားစရာ အရုပ်အရောင်းဆိုင်မှာ ဖြစ်ခဲ့တာပါ။

အခင်းဖြစ်ပွားချိန်မှာ ဆိုင်ပိတ်ချိန်ဖြစ်လို့ ပိုင်ရှင်က နေအိမ်ကို ပြန်ရောက်နေပါတယ်။ ဒါပေမယ့် ဆိုင်ကို နေအိမ်ကနေ လှမ်းကြည့်လို့ရတဲ့ Real-time CCTV ကို ဆော့ဖ်ဝဲနဲ့ ထိန်းချုပ်ထားပါတယ်။ အဆိုပါ ကာမဘီလူးဟာ ဆိုင်အတွင်းကို ဝင်ရောက်ပြီးနောက်-

လေထိုးအရုပ်မကြီးကို ဆိုင်ထောင့်တစ်နေရာမှာ ကျကျနနချပြီး၊ သူရဲ့ ထိန်းမရသိမ်းမရ စိတ်ကို အသားကုန်ပေါက်ကွဲပါတော့တယ်။ သူဟာ မိနစ်(၄၀)ကြာ လေးထိုးအရုပ်မကြီးနဲ့ ချစ်တင်းနှောခဲ့တာဖြစ်ပြီး၊ ဆိုင်ရှင်က ဒီအဖြစ်အပျက်ကို အိမ်က လှမ်းမြင်ပြီးနောက် ရဲကို ချက်ချင်းတိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ အဲဒီဆိုင်ကို ချက်ချင်းပိတ်ဆို့လိုက်ပြီး၊ ကာမဘီလူးကို ဖမ်းဆီးလိုက်ပါတော့တယ်။ ဒီကိစ္စ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုအမျိုးမျိုး ဖြစ်စေခဲ့ပြီး၊ တစ်ချို့က တစ်ခြားအမျိုးသမီးတွေကို အဓမ္မမှု မကျူးလွန်ပဲ၊ သူ့စိတ်ကို ဒီလိုဖြေတာက၊ လူမှုပတ်ဝန်းကျင်အတွက် သက်သာရာ ရစေတယ်လို့ ပြောပါတယ်။

လင်းဇော်ကို (D Nae Thit)

source : WorldOfBuzz