အိမ်ငှားခတွေဈေးကြီးလို့ လှေတစ်စင်းဝယ်ပြီး လှေပေါ်မှာနေနေကြတဲ့ စုံတွဲ

72

ခေတ်မှီဖွံ့ဖြိုးတိုးတက်ကြတဲ့နိုင်ငံတွေမှာနေချင်ကြတဲ့ သူတွေအများကြီးပါ။ ဒါပေမယ့် အဲ့ဒီလိုနိုင်ငံတွေမှာ အိမ်ငှားခဈေးကြီးတာကလည်း ပြသနာတစ်ခုပါ။ ဒီလို အိမ်ငှားခတွေဈေးကြီးတဲ့ပြသနာကိုမခံနိုင်တဲ့ စုံတွဲတစ်တွဲကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်မယ့်နည်းလမ်းနဲ့ ဒီပြသနာကိုဖြေရှင်းလိုက်ပါတယ်။

Davidနဲ့ Pippa လို့အမည်ရတဲ့ စုံတွဲတစ်တွဲဟာ တစ်လကို ပေါင်၈၀၀(မြန်မာငွေ ၁၃သိန်းကျော်) ကိုလတိုင်းပေးနေရတဲ့ တိုက်ခန်းတစ်ခန်းကို ငှားပြီးနေထိုင်နေကြရတာပါ။

သူတို့ဟာ ရတဲ့လစာနဲ့ တိုက်ခန်းငှားခကိုပေးရတာအရမ်းပိုက်ဆံဖြုန်းနေသလိုပဲလို့ခံစားရတာကြောင့် အွန်လိုင်းဈေးဝယ်တဲ့ Website တစ်ခုကနေ လှေတစ်စင်းကို ပေါင် ၇၀၀၀(မြန်မာငွေ သိန်း၁၀၀ကျော်) ကိုအရစ်ကျပေးပြီး လှေတစ်စင်းကိုဝယ်ယူခဲ့ကာ လှေပေါ်မှာနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီလှေကိုဝယ်လိုက်တဲ့အတွက်သူတို့မှာ ပုံမှန်သုံးနေကြစရိတ်စကတွေထက် တစ်ဝက်လောက်သက်သာတဲ့အပြင် အိမ်ငှားခကိုစိတ်ပူဖို့မလိုတော့တာကြောင့် သူတို့ရဲ့အလုပ်အကိုင်တွေကိုလည်း ကောင်းကောင်းအာရုံစိုက်နိုင်တယ်လို့ ပြောပြခဲ့ပါတယ်။

Yenin Phawah-AlinnMyay​(အလင်းမြေ)