အိမ်မှာ ဂိမ်းကစားရင်း wifi password ပြောင်လိုက်တဲ့ ကိစ္စကြောင့် အမဖြစ်သူကို သတ်မိ

156

ဆယ်ကျော်သက်အရွယ်လူငယ်တစ်ယောက်ဟာ လျော့ရက်မရှိပဲ တစ်သက်တကျွန်းကျခံဖို့ ပြစ်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါတယ်။ သူရဲ့ပြစ်မှုကတော့ လူသတ်မှုဖြစ်ပြီး သူဟာ အစ်မဖြစ်သူကို wifi password မပြောပြလို့ ရန်ဖြစ်ရင်းနဲ့ လူသတ်မှုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kevon လို့အမည်ရတဲ့ဆယ်ကျော်သက်ဟာ သူရဲ့အမေကို သူတို့အိမ်မှာအသုံးပြုနေတဲ့ အင်တာနက်အမြန်နှုန်းကနှေးတယ်လို့ အမြဲငြင်းခုန်ပူဆာနေခဲ့တာပါ။ သူတို့ဟာ အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာနေထိုင်တဲ့သူတွေဖြစ်ကြပြီး အင်တာနက်အမြန်နှုန်းဒီထက်ကောင်းတာကို အသုံးပြုမှ သူဂိမ်းကောင်းကောင်းကစားနိုင်မှာဖြစ်တယ်လို့ အမေဖြစ်သူကို ငြင်းခုန်ပူဆာခဲ့တာပါ။

ပြသနာကတော့ တအိမ်လုံးအသုံးပြုနေတဲ့ ၀ိုင်ဖိုင်လွှင့်စက်ကို သူက Wifi password ပြောင်းဖို့ကြိုးစားခဲ့တာပါ။ သူကတော့ password ပြောင်းပြီး အခြားသူတွေ Wifi မသုံးပဲသူတစ်ယောက်ထဲသုံးရင် အင်တာနက်လိုင်းပိုမြန်လာပြီး ဂိမ်းကစားရတာပိုအဆင်ပြေလောက်မယ်ဆိုတဲ့ စိတ်နဲ့ ပြောင်းလိုက်ပုံပါပဲ။

ဒါပေမယ့် သူရဲ့အစ်မဖြစ်သူဟာ အဲ့ဒီလိုပြောင်းလိုက်တဲ့အတွက် မိခင်ဖြစ်သူနဲ့ မောင်ဖြစ်သူနဲ့ ရန်ဖြစ်မှာကို ကြောက်ပြီးဝင်တားခဲ့တာပါ။ သူမဟာ ဒေါသထွက်နေတဲ့သူမရဲ့မောင်လေးက အမေဖြစ်သူကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှာကိုလည်း စိတ်ပူခဲ့တဲ့အတွက် တားလိုက်ပေမယ့် အခန့်မသင့်ကာ မောင်နှမနှစ်ယောက်စကားများခဲ့ကြပြီး နပန်းလုံးကာရန်ဖြစ်ကြတဲ့အထိ အခြေအနေတွေက ဆိုးဝါးသွားခဲ့ပါတယ်။

မောင်ဖြစ်သူဟာ အစ်မကို အပေါ်ကနေ၁၅မိနစ်ကြာ လည်ပင်းညစ်ထားခဲ့ပြီး လုံးဝမလွှတ်ပေးခဲ့တာပါ။ နောက်ဆုံးရဲတွေရောက်လာတဲ့အချိန်ကြမှ လွှတ်ပေးခဲ့ပြီး သူလွှတ်ပေးခဲ့တဲ့အချိန်ဟာ အရမ်းနောက်ကျနေပြီဖြစ်ပါတယ်။ အစ်မဖြစ်သူဟာ ရဲတွေရောက်လာတဲ့အချိန်မှာ ငြိမ်သက်နေခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးနဲ့တောင် ကယ်တင်လို့မရတော့တဲ့အခြေအနေဖြစ်သွားခဲ့တာဖြစ်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ အစ်မဖြစ်သူဟာ စေ့စပ်ထားတာဖြစ်ပြီး အသက် ၃နှစ်အရွယ် သားကလေးတစ်ယောက်လည်း ရှိတယ်လို့ သိရပါတယ်။

Yenin Phawah-ApannPyay