Music ပွဲတော်တစ်ခုမှာ ဆေးပြားအလွန်အကျွံသုံးမိပြီး အသက်ပေးလိုက်ရတဲ့ ဆယ်ကျော်သက်ကောင်လေး

143

Jack Downey အမည်ရှိသူ အသက် ၁၉ နှစ်အရွယ်ကောင်လေးဟာ အိုင်ရာလန်က Cork မှာကျင်းပပြုလုပ်တဲ့ Indiependence အစီအစဉ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ သူကတော့ Keen Sportsman တစ်ယောက်ဖြစ်တယ်လို့သိရပြီး အသင်းအဖွဲ့လည်း ရှိပါတယ်။ အသွားရှိပေမယ့်လည်း အပြန်ကတော့ မရှိခဲ့ရှာပါဘူး။ ထို ပွဲတော်မှာ ရောင်းချနေတဲ့ ဆေးပြားတွေကို အလွန်အကျွံသုံးမိသွားတာ ဖြစ်တယ်လို့ ဆေးရုံကတာဝန်ရှိသူများက စစ်ဆေးချက်အရ ပြောကြားခဲ့တာပါ။ ပွဲစီစဉ်သူကလည်း ဒီလိုဖြစ်ရပ်တွေ ဖြစ်မှာစိုးတာကြောင့် ပွဲကြည့်လူတွေအကုန်လုံးကို သတိပေးနှိုးဆော်ခဲ့ပါသေးတယ်လို့ သိရပါတယ။်

သေဆုံးသွားသူ ဂျက်ခ်ဟာ ဆေးပြားတွေကို အလွန်အကျွံသုံးစွဲမိပြီး အပြင်းအထန်နေမကောင်းစဖြစ်လာတာကြောင့် Cork တက္ကသိုလ်ဆေးရုံထဲကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ရတယ်လို့ သူ့ရဲ့ သူငယ်ချင်းများက ပြောကြားခဲ့ပါတယ်။ သို့ပေမယ့် သြဂုတ်လ ၅ ရက်နေ့မှာတော့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အသင်းအဖွဲ့တွေကို စွန့်ခွာသွားခဲ့ပါပြီ။

ဆရာဝန်များက ထိုပွဲမှာရောင်းချခဲ့တဲ့ ဆေးပြားတွေကို သုံးခဲ့တဲ့ လူတွေကို မေးမြန်းစုံစမ်းကြည့်ရာ ထိုဆေးက အခြားဆေးပြားတွေလို ပွဲထဲမှာတက်ကြွလန်းဆန်းနေပေမယ့် ခဏအကြာမှာတော့ အပြင်းအထန် နေမကောင်းဖြစ်ကြတယ်လို့ ဆိုပါတယ်။ အကုန်လုံးကတော့ မိသားစုနှင့် အတူ ထပ်တူထပ်မျှဝမ်းနည်းနေကြရပါတယ။် မဆုံးပါးခင် ဆေးဝါးတွေကျွေးပြီး ကယ်ဖို့ကြိုးစားပေမယ့်လည်း အလွန်အကျွံသုံးထားတာကြောင့် ဘယ်လိုမှ မကယ်နိုင်တော့တာ ဖြစ်ပါတယ်။

ဒီလိုဆေးပြားတွေကို ဒီဂျေပွဲတွေ၊ Music Festival တွေမှာတွေ့နိုင်ပြီး တစ်ညလုံး မအိပ်ချင်ဘဲ လန်းဆန်းစွာ ကဲနိုင်ဖို့ ရောင်းချနေကြတာ ဖြစ်ပါတယ်။ သုံးတတ်ရင်တော့ ပျော်ရနိုင်ပေမယ့် မသုံးတတ်ရင်တော့ အသက်ပါပေးရနိုင်တယ်ဆိုတာ သိစေဖို့ ApannPyay ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

San Htet Wai-ApannPyay

Source-Mirror