ခင်ပွန်းသည်လည်းဆုံး သား(၄) ယောက်စလုံးလည်း ဆုံးသွားပြီဖြစ်လို့ တစ်ကိုယ်တည်း အထီးကျန် ရုန်းကန်နေရတဲ့ အမေကြီး

92

ခင်ပွန်းသည်လည်းဆုံး သား(၄) ယောက်စလုံးလည်း ဆုံးပါးသွားပြီဖြစ်လို့ တစ်ကိုယ်တည်း အထီးကျန် ရုန်းကန်နေရတဲ့ အမေကြီး

သြဂုတ်(၅)AlinnMyay(အလင်းမြေ)

အမေကြီးနာမည်က ဒေါ်ညို အသက်က (၇၀) ရှိပါပြီ။ ခင်ပွန်သည်က ဆုံးပါးသွားတာ ၁၅ နှစ်ရှိပါပြီ။ သား(၄) ယောက်မှာ သားအကြီးက ဆုံးတာနှစ်၂၀၊ ဒုတိယသားက ဆုံးတာ ၁၀နှစ် နဲ့ အငယ်နှစ်ယောက်မှာ တစ်ယောက်က ဆုံးတာ ၃နှစ်၊ အငယ်ဆုံး သားကတော့ ဆုံးတာ ၃ လပဲ ရှိပါသေးတယ်လို့ ပြောပါတယ်။

အမေကြီးက ပုဆိုးလေး၊ ထမီလေးချုပ်စားနေရပါတယ်။ ဘိုးဘွား ရိပ်သာလဲမနေချင်သေးဘူးလို့ပြောပါတယ်။ စက်ချုပ်တဲ့ လုပ်ငန်းကိုတော့ ငယ်ငယ်ကတည်းကလုပ်ကိုင်လာတာဆိုတော့ အနီးအနားကလူတွေကတော့ အားပေးကြပါတယ်။

ဆိုင်ခန်းလေထဲမှာပဲနေပြီး ဆိုင်ခန်းအတွင်းမှာပဲ အိပ်ရတယ်။ ဒီဆိုင်ခန်းလေးကိုပဲ အိမ်လုပ်ပြီးနေရတယ်လို့ ပြောပါတယ်။ လျှပ်စစ်မီးမရှိလို့ မီးခြောက်လေးနဲပဲ နေရကြောင်းသိရပါတယ်။

အမေကြီး ဒေါ်ညို အတွက် လိုအပ်တာသုံးဖို့ (One To One ကလေးလူနာကူညီရေး) မှ တဆင့် အလှူရှင် ဦးမောင်ဝင်း+ဒေါ်ခင်ခင်ရီ(မြစ်ကြီးနား)မိသားစု မှ အလှူငွေ ငါးသောင်းကျပ်ကို ပေးလှူခဲ့ကြောင်း သိရပါတယ်။

အမေကြီးလိပ်စာကတော့ ၇၂လမ်းနှင့် ၃၂လမ်းထောင့်၊မန္တလေးမြို့ဖြစ်ပါတယ်။ အခြားအခြားသော အလှူရှင်များလည်း အမေကြီး ဒေါ်ညိုထံသို့ သွားရောက်လှူဒါန်းနိုင်ဖို့ AlinnMyay(အလင်းမြေ) မှ (ONE TO ONE ပြည်သူ့ကူညီရေး) ကိုဝမ်း ခွင့်ပြုချက်ဖြင့် ဖော်ပြပေးလိုက်ပါသည်။

ONE TO ONE ပြည်သူ့ကူညီရေး

ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈ မန္တလေးမြို့

AlinnMyay(အလင်းမြေ)