ရည်းစားနဲ့ပြတ်ပြီး လှလာ အွန်စောပဲရှိတယ်ဆိုတဲ့ ထွန်းထွန်း ရဲ့ ပြန်လည်ဖြေရှင်းမှု

182

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေများစွာကတည်း လူငယ်တွေကြားမှာ ရေပန်းစား လူကြိုက်များတဲ့ အဆိုတော် မင်းသား ထွန်းထွန်း ကတော့ လက်ရှိချိန်မှာတော့ Single တယောက်အနေနဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ တလောတုန်းကမှ ချစ်သူနဲု့ ပြတ်သွားတဲ့ ဖေ့ဘုတ်ပေါ်မှာ ပရိသတ်တွေ.ဇဝေဇဝါ ဖြစ်စေမယ့် စတေတပ်တခုကို တင်လိုက်တာ ဖြစ်ပါတယ်။

သူတင်တဲ့ စတေတပ်လေး ကတော့ ရည်းစားနဲ့ ပြတ်ပြီးလှတိာုလို့ အွန်စောပဲ ရှိတယ်ဆိုပြီးတော့ တင်ထားပါတယ်။ ဒီကိစ္စလးကတော့ ပရိသတ်တွေကြား ပျံ့နှံ့ သွားခဲ့ပြီး ထွန်းထွန်းကတော့ သူဘာကြောင့် ဒီစတေတပ်လေးကို တင်လိုက်လည်းဆိုတာကို ပြန်လည်ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းရာလေးကိုတော့ အလင်းမြေ ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ထွန်းထွန်းက သူ့ရဲ့ လူမှုကွန်ယက်မှာ “ဘဲနဲ့ပြတ်လို့လှလာတယ်ဆိုတာ ဟိုက အွန်စောလေ”လို့ ပြောထားတာကို “ကျွန်တော်က အွန်စောပရိသတ် အွန်စောကိုအရမ်းကြိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တစ်ခုတွေ့လိုက်တယ်။ အသည်းကွဲမှလှလာတယ်ဆိုတာ အွန်စောက အသည်းကွဲမှလှလာတာမဟုတ်ဘူးလေ။

နဂိုကတည်းက လှပြီးသား အဲဒါကိုပြောချင်တာ။ ကျန်တာကတော့ ဘယ်လိုတွေးလိုက်လဲတော့ ကျွန်တော်လည်းမသိဘူး”လို့ ရှင်းပြထားပါတယ်။

မြန်မာနိုင်ငံက မိန်းကလေးတွေကိုဖဲ့တာမဟုတ်ပါဘူးလို့လည်း “မပြောလိုပါဘူးဘာမှ ကျွန်တော်လည်းမဆော်ပါဘူး။ မဆော်ရဲပါဘူး။ကြောက်ပါတယ်။ပြောစရာလား။ ကျွန်တော်အရိုက်ခံနေရမှာပေါ့။ ကျွန်တော်တို့ချာတိတ်ထဲကလေ အွန်စောဂျွန်စောဆိုကတည်းကကိုကြိုက်တာအခုအချိန်အထိပဲ။သရုပ်ဆောင်လည်းကောင်းတယ်။ ရုပ်လည်းချောတယ်။ ငယ်ငယ်ကတည်းက ကျနော်တို့ကတော့ ကြိုက်တာဗျာ ကျနော် ဘယ်သူ့ကိုမှလည်း မဆော်ပါဘူး။ ကျနော်ဆိုလိုတာက တခြားပါ။ အဲ့လိုလေးပဲ တင် လိုက်တာပါ” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။

AlinnMyay(အလင်းမြေ)