ပိုက်ဆံတွေ လိမ်ခံလိုက်ရလို့ ဝမ်းနည်းနေတဲ့ မအေးသောင်း

358

အနုပညာလောကထဲမှာ ခြေချလာတာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ သူအခက်အခဲဖြစ်လြို ပိုက်ဆံတွေ.ကူညီလိုက်တဲ့သူ က ငွေတွေလိမ်သွားတာကြောင့် ဝမ်းနည်းနေပြီး ဒီအကြောင်းလေးကိုတော့ ရင်ဖွင့်လာခဲ့ပါတယ်။ မအေးသောင်း တယောက် ဘယ်လို ဝမ်းနည်းပြီး ရင်ဖွင့်လာလည်းဆိုတာကိုတော့ Alinnmyay ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ပိုက်ဆံတွေ အလိမ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး “နှမြောတာပေါ့နော်။ အမတို့ အနုပညာရှင်တွေကို ကြည့်လိုက်ရင်သာ သူဌေးတွေလို့ ထင်ကြတာပေါ့နော်။ ဒါပေမယ့် ကိုယ်နေတဲ့အိမ် ကိုယ်နေတဲ့ အခန်းလေးက အစ လာကြည့်ရင်တော့ သိမှာပါ သာမန် မိသားစုပဲ ဆိုတာလေ။ သူများတွေကပြောတယ်။ ပိုက်ဆံက ဘယ်လောက်များလို့လဲပေါ့။ အမကတော့ တကျပ်က အစ အမ ပိုက်ဆံပဲလေ တန်ဖိုးထားတယ်။

အဲ့ဒါလေးကလည်း ကိုယ့်မိသားစု အိမ်လေးက ကျဉ်းတော့ ကိုယ်ချွေးနည်းစာလေးနဲ့ မိဘတွေကို ဆောက်ပေးဖို့ စုထားတဲ့အထဲမှာပါတော့ ပိုဝမ်းနည်းတာပေါ့နော်။ အခုချိန်ထိလည်း စိတ်မကောင်းဖြစ်တုန်းပဲ။ တချို့တွေပြောကြသလိုပေါ့။ ယုံမိတာကို ခံပေါ့။ ကိုယ်ကလည်း အားနားပြီး သူများတွေကို သနားတတ်တာကလည်း ကိုယ့်ရဲ့အားနည်းချက်လိုမျိုး ဖြစ်နေတာပေါ့။

သူ့ကိုပြန်ဆက်သွယ်တော့ ဆက်သွယ်လို့ မရတော့ဘူးပေါ့။ နောက်ဆုံးတခေါက်ကျတော့ သူဖုန်းပြောဖို့ မအားဘူး ပြောသွားပြီး နောက်ပိုင်းကျတော့ ဖုန်းမကိုင်တော့ဘူး။ ဒါကလည်း ပထမဦးဆုံး ကြုံတာပဲ အမှန်တိုင်းပြောရရင် သူများကို ပိုက်ဆံလည်း မချေးဖူးဘူး။ ကိုယ့်မှာ ပိုက်ဆံလည်း အများကြီး မရှိဘူးလေ။ သူ့ရဲ့အခက်အခဲတွေ အများကြီး ပြောပြတော့လည်း ယုံကြည်ပြီးပေးလိုက်တာ ကိုယ်ချင်းစာပြီး သနားလိုက်တာပေါ့။ ဒါကလည်း ပထမဦးဆုံးနဲ့ နောက်ဆုံးဖြစ်မှာပါ။ တချို့ကျတော့လည်း တကယ်ကြီး ခက်ခဲတာ။ သူအရမ်းခက်ခဲနေတဲ့ အချိန်မျိုးမှာ ပေးလိုက်ရတာကတော့ ကိုယ့်စိတ်လည်း ပျက်တယ်။ တချို့အရေးမကြီးတဲ့ အရာတွေကိုတော့ အရမ်းကြီး မကူညီဖို့ အရမ်းကြီး မသနားဖို့ ပြောချင်တာပေါ့နော်။ အမေတို့ကတော့ ဘာမှ မပြောပါဘူး။ ဒီတိုင်းလေးလည်း အဆင်ပြေနေတာပဲလေ။ သူတို့ကတော့ ကံပဲလေ သမီးရယ်လို့ ပြောကြတာပေါ့” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။

AlinnMyay(အလင်းမြေ)