မိမိကိုယ်ကို သတ်သေသွားတဲ့ လူငယ်ရဲ့ အိမ် တီဗွီကနေ အပြာကားကို ဒေါင်းလုပ်ဆွဲယူတဲ့ ရဲကြောင့် သေဆုံးသူ လူငယ် အထင်လွဲမှာခံရ

435

မိမိကိုယ်ကို မိမိ သတ်သေသွားတဲ့ ၁၄ နှစ်အရွယ် သားဖြစ်သူရဲ့အလောင်းကို ရဲတစ်ယောက်ဟာ စောင့်ကြပ်ပေးနေရင်းနဲ့ အကြင်နာတရားကင်းမဲ့စွာပဲ အဲ့ဒီရဲဟာ အသုဘအိမ် တီဗီကနေ ပေါင် ၂၅(မြန်မာငွေ လေးသောင်းကျော်) ပေးရတဲ့ အပြာကားကို သေဆုံးသူမိသားစုရဲ့ငွေအကောင့်ကို အသုံးပြုကာ ဒေါင်းလုပ်ဆွဲရယူခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အခုလို ရဲက အပြားကားကို ဒေါင်းလုပ်ဆွဲယူသွားမှုကြောင့် Graham နဲ့ Allison လို့အမည်ရတဲ့ဇနီးမောင်နှံဟာ သူတို့ရဲ့ အသက် ၁၄နှစ်အရွယ်သားဖြစ်သူဟာ သူ့ကိုယ်သူမသတ်သေခင်မှာ သေဆုံးတဲ့ကလေးငယ် ကြည့်ဖို့မသင့်တော်သေးတဲ့ မကောင်းတဲ့ဇာတ်လမ်းတွေကို ကြည့်ရှုခဲ့တယ်လို့ သေဆုံးသွားတဲ့သားငယ်အပေါ်မှာ အထင်အမြင်မှားခဲ့မိကြပါတယ်။

ဒါပေမယ့် တကယ်တမ်းက သားဖြစ်သူကိုယ့်ကိုယ်ကို သတ်သေခဲ့ပြီး သေဆုံးသွားခဲ့တဲ့သူ့ရဲ့အလောင်းကိုလာစောင့်ကြပ်ပေးဖို့တာဝန်ကျခဲ့တဲ့ရဲက ဒေါင်းလုပ်ရယူခဲ့တာဖြစ်ကြောင်းအဖြစ်မှန်ကို နောက်ပိုင်းမှ သူတို့သိခဲ့ကြရပါတယ်။ အဲ့ဒီရဲဟာ သူတို့ရဲ့သားငယ်အလောင်းကို သုဘရာဇာလာယူဖို့စောင့်ဆိုင်းပြီး ကြည့်ရှုပေးနေစဉ်မှာ အိမ်ရှင်မိသားစုရဲ့ တီဗီကနေတစ်ဆင့် သူတို့စာရင်းသွင်းထားပြီးသား ငွေအကောင့်ကို အသုံးပြုပြီး သူများရဲ့ပိုက်ဆံနဲ့ မြန်မာငွေ လေးသောင်းကျော်ကျော်ခန့် ကျသင့်တဲ့ အပြာကားကိုဝယ်ယူခဲ့တာဖြစ်ပါတယ်။

မိဘနှစ်ပါးဟာ သားငယ်ကိုဆုံးရှုံးလိုက်ရတဲ့ ပူပင်သောကတွေကြောင့် အဲ့ဒီအဖြစ်အပျက်ကိုသတိမထားမိခဲ့ကြသလို အဲ့ဒီရဲဟာလည်း သူလုပ်ခဲ့တဲ့လုပ်ရပ်ကိုဖုံးကွယ်ဖို့အတွက် ရဲလုပ်ငန်းတစ်နေ့တာမှတ်တမ်းထဲမှာ အဲ့ဒီအိမ်ကိုသွားရောက်ခဲ့တာကို ဖုံးကွယ်ပြီး ချန်လှစ်ရေးသားခဲ့ပါတယ်။

စိတ်ရောဂါဝေဒနာကို ခံစားနေရတဲ့ အသက် ၁၄နှစ်အရွယ်ကလေးငယ်ဟာ စိတ်ဖိစီးမှုတွေခံနေရတဲ့အတွက် မသတ်သေခင်မှာ ဒီလိုကားတွေကို ဒေါင်းလုပ်ဆွဲနေခဲ့တာဖြစ်မှာပါဆိုပြီး မိဘတွေကိုဖြေတွေးတွေးခဲ့ပေမယ့် စိတ်ထဲမှာတော့ သားလေးအပေါ်ကို အလိုမကျအနည်းငယ်ဖြစ်ခဲ့တာပါ။

ဒါပေမယ့် သူတို့ရဲ့သားငယ်လေးဟာ သူတို့ထင်ထားမိခဲ့တဲ့သူမျိုးမဟုတ်ဘူးဆိုတာကို သိခဲ့ရတဲ့အခါမှာ မိဘတွေဟာ သားလေးအပေါ်ကိုအထင်လွဲစေခဲ့ပြီး အကြင်နာတရားကင်းမဲ့စွာ ဒီပြစ်မှုကိုကျူးလွန်ခဲ့တဲ့ ရဲအရာရှိကိုတရားစွဲဆိုခဲ့ကြပါတယ်။ လက်ရှိမှာ အဲ့ဒီရဲအရာရှိဟာ ဖမ်းဆီးခံထားရပြီး ထောင်ဒဏ်ကျခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Yenin​ Phawah-AlinnMyay​(အလင်းမြေ)

#ApannPyay