ကျွေးချင်ရာ လျှောက်ကျွေးတဲ့ မိဘတွေကြောင့်၊ ကျောက်ကပ်ကင်ဆာ ဖြစ်ခဲ့ရရှာတဲ့ သမီးလေး

120

ကလေးငယ်တစ်ယောက် ကြီးထွားလာချိန်မှာ အာဟာရမျှတပြီး ကျန်မားရေးနဲ့ညီညွတ်တဲ့ အစားသောက်ကို စားဖို့ရာအရေးကြီးပါတယ်။ သူတို့စားချင်အောင် ဟန်ပြလှနေတဲ့ အစားအစာတွေဟာ ကလေးတို့နဲ့ သင့်တော်မှုရှိမရှိဆိုတာကို ကျန်းမာရေးအတွက် စစ်ဆေးသင့်ပါတယ်။

အချိုပွဲတွေ အများကြီးကျွေးပြီး အဖက်ကလေးတွေပါတဲ့ Bubble tea ကို နေ့တိုင်းတိုက်မိတဲ့ တရုတ်နိုင်ငံက (၈)နှစ်သမီးလေးရဲ့ အဖေကတော့ နောင်တတွေ တသီတတန်းကြီး ရသွားပါတယ်။ (၂)နှစ်သမီးအရွယ်ကတည်းက စားဖိုမှူးဖြစ်တဲ့အဖေက အလုပ်သိမ်းတာနဲ့ အိမ်ပြန်လာရင်-

အရမ်းချစ်တဲ့ သမီးအတွက် စားကောင်းသောက် ဖွယ်တွေကို ယူလာတတ်ပါတယ်။ (၁)နှစ်လောက်ကြာလာတော့ သမီးမှာ ဝိတ်အရမ်း တက်လာပြီး (၈)နှစ်အရွယ်မှာ အစာအိမ်ပြဿနာ ဖြစ်လာပါတယ်။ နောက်ပိုင်း နှစ်ရက်သုံးရက်နဲ့ ဝိတ်တွေအရမ်းကျလာလို့ စိုးရိမ်တကြီးနဲ့ ဆေးရုံကို ခေါ်လာခဲ့ရတယ်။

ဆရာဝန်က စမ်းသပ်ကြည့်လိုက်တော့ ကျောက်ကပ်နဲ့ အသည်းက ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီ။ ကျောက်ကပ်က ကင်ဆာဖြစ်နေပါပြီ။ ဆရာဝန်က သေခြာမေးကြည့်တော့ သမီးဖြစ်သူရဲ့ ရောဂါအခြေခံက Bubble teaနဲ့ အချိုပွဲတွေ ကျွေးတာကြောင့်ဆိုတာ သိလိုက်ရတယ်။

သူ့ရဲ့ သမီးလို ငယ်သေးတဲ့အရွယ်မှာ အချိုတွေ အလွန်အမင်းကျွေးတာက ကျောက်ကပ်ကို ကင်ဆာဖြစ်စေနိုင် တယ်ဆိုတာကို ဆရာဝန်က ပြောပြပါတယ်။ အသက်ရွယ်ငယ်ငယ်ကို အချိုပွဲ နည်းနည်းစီ နေ့တိုင်းကျွေးရင်တောင် နောက်ဆုံးမှာ ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

ဆရာဝန့်စကားကြားလိုက်တော့ ဖခင်ဖြစ်သူ နောင်တရပြီး ငိုယိုပါတော့တယ်။ “ဒါတွေအားလုံးက ကျွန်တော်အပြစ်ပါ။ ကျွန်တော့်သမီးကို ကျွန်တော်ပဲ ဒုက္ခရောက်အောင် လုပ်လိုက်တာပါ”…လို့ ပြောပါတယ်။ စိတ်မကောင်းစရာကတော့ သမီးငယ်ဟာ ဆေးရုံတက်ပြီး ရက်(၃၀)အကြာမှာ ဆုံးပါးခဲ့ပါတယ်။

မိမိတို့ရဲ့ ကလေးငယ်ကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကနေ အဝေးဆုံးရောက်အောင် စောင့်ရှောက်ဖို့နဲ့ အာဟာရမျှတဲ့ အစားသောက်တွေကို ကျွေးမွေးဖို့က မိမိတို့ မိဘတိုင်းရဲ့ တာဝန်ပါပဲ။ ကလေးကြိုက်တဲ့အစားအစာကို ကျွေးဖို့ထက်၊ ကလေးကျန်းမာရေးနဲ့ ညီတဲ့အစာကို ကျွေးရမှာပါ။

မင်းနွယ်ခန့် (D Nae Thit)

source : WorldOfBuzz