ကမ္ဘာပေါ်က အရက်စက်ဆုံးကျားငါးမန်း သုံးကောင် သတ်တာခံလိုက်ရတဲ့ မိန်းကလေးငယ်

290

ကျားငါးမန်းကို အချို့သောသူတွေ ကြားဖူးမြင်ဖူးပါလိမ့်မယ်။ မြင်ရခဲတဲ့သားရဲတိရစ္ဆာန်ဆိုလည်း မမှားနိုင်ပါဘူး။ သူတို့မျိုးစိတ်တွေဟာ ညဘက်တွေမှာ ကျက်စားကြပြီး ကြောက်စရာကောင်းလောက်အောင် ချွန်ထက်တဲ့ သွားတွေကို ပိုင်ဆိုင်ထားတဲ့ အမဲလိုက်သတ္တဝါတစ်မျိုးပါ။ ကျားငါးမန်းလို့ ခေါ်ရခြင်း အကြောင်းကတော့ ကျားရဲ့ဖွဲ့စည်းပုံတွေနဲ့ တူလို့ပဲ ဖြစ်ပါတယ်။ အလျား ၁၆ ပေရှိပြီး၊ အများဆုံးကတော့ ၁၃ ပေပဲရှိတယ်လို့ ကြားသိရပါတယ်။

သေဆုံးသွားသူ မိန်းကလေးကတော့ Jordan Lindsey ဖြစ်ပြီး အသက်က ၂၁ နှစ်ဖြစ်ပါတယ်။ သူမကတော့ တိရစ္ဆာန်လေးတွေကို သိပ်ချစ်တတ်ပြီး သဘာဝကို မြတ်နိုးသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မိသားစုတွေအားလပ်ရက်မှာ Rose Island လို့အမည်ရတဲ့ လှပလွန်းတဲ့ ကျွန်းလေးတစ်ကျွန်းကို လာရောက်လည်ပတ်ခဲ့ကြတာပါ။

ထိုကျွန်းမှာ မိသားစုအတူ ဇိမ်ခံလှေစီးရင်း တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ Jordan က ရေအောက်အလှကိုကြည့်ဖို့ လှေပေါ်က ဆင်းခဲ့တာ ဖြစ်ပါတယ်။ သူမဆင်းပြီး ခဏအကြာမှာ အော်ဟစ်သံကြားတာကြောင့် သူမအမေ Kami က လှည့်ကြည့်လိုက်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူမနားမှာရှိတဲ့ ကျားငါးမန်းတွေကို လင်းပိုင်တွေလို့ ထင်ခဲ့မိတယ်လို့ သူမအမေက ဝမ်းနည်းစွာ ပြောပြခဲ့ပါတယ်။

သို့ပေမယ့် သေချာကြည့်လိုက်တဲ့အချိန်မှာတော့ သူမနားမှာ သွေးတွေထွက်နေခဲ့ပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ကျားငါးမန်းတစ်ကောင်က Jordan ရဲ့ညာဘက်လက်ကို ကိုက်ဆွဲဖြတ်လိုက်ပါပြီ။ သူမကတော့ ကြောက်လန့်တကြီး အော်နေခဲ့ပါတယ်။ သူမအမေက “သမီးအားတင်းထား အမေ့ဆီကူးလာခဲ့ ” လို့ အော်ခေါ်နေခဲ့ပါတယ်။

Jordan အော်ဟစ်ပြီး နာကြဉ်စွာ ကူးခတ်လာစဉ်အတွင်းမှာ နောက်ထပ်ကျားငါးမန်းတစ်ကောင်က သူမရဲ့ခြေထောက်တွေကို ဆွဲဖြတ်ကိုက်စားပစ်လိုက်ပါတယ်။ သူမဒီလိုဖြစ်နေတာကို မကြည့်နိုင်တော့ မိခင်ကတော့ ရေအောက်ကို ဆင်းသွားခဲ့ပြီး သူမကို ကယ်ဖို့ကြိုးစားခဲ့ပါတယ်။ ထိုအချိန်မှာ သူမရဲ့သမီးက “အမေမြန်မြန်လာ နောက်ထပ်တစ်ကောင်က လာနေပြီ” ဆိုပြီး အော်ခဲ့ပါတယ်။

သူမအမေက ရဲရင့်စွာနဲ့ ငါးမန်းတွေရဲ့ နှာခေါင်းကို လက်သီးနဲ့ပြင်းပြင်းထိုးပြီး နီးစပ်ရာကျောက်တုံးပေါ်ကို တက်လိုက်ကြပါတယ်။ ထို့နောက်လှေကပ်လာပြီး သားအမိနှစ်ယောက်လုံးကို ဆွဲတင်ကာ ကျွန်းပေါ်မှာ အသင့်ခေါ်ထားပြီး စောင့်နေတဲ့ လူနာတင်ကားပေါ်တင်ပေးခဲ့ပါတယ်။ နောက်တော့ Nassau ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ သို့ပေမယ့် အသက်မမှီတော့ဘဲ သူမအမေရဲ့လက်မောင်းလေးပေါ်မှာပဲ ဆုံးပါးသွားခဲ့တယ်လို့ ဝမ်းနည်းစွာနဲ့ အဖေဖြစ်သူ Michael ကပြောဆိုခဲ့ပါတယ်။ သူ့ရဲ့အမျိုးသမီးအနေနဲ့ ရူးမတက်ငိုကြွေးနေခဲ့ရတယ်လို့ မျက်ရည်မကျလာအောင် အားတင်းရင်း ပြောသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က တစ်ခါဖြစ်ပွားသွားခဲ့ပြီး ဆယ်နှစ်ကျော်အကြာမှ ဖြစ်ပွားရတဲ့ ပထမဆုံးအကြိမ် ကြောက်စရာဖြစ်ရပ်ကြီးပါပဲ။ ထိုအမှုဖြစ်ပွားခဲ့တဲ့ ဇွန်လ ၂၆ ရက်ကစလို့ ခုချိန်ထိ သုံးလလောက်ထိ သူမအမေ Kami ဟာ ညဘက်တွေဆို အိပ်မပျော်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် လင်မယားနှစ်ယောက်လုံး မအိပ်နိုင်ဘဲ ငိုကြွေးနေခဲ့ရတယ်လို့ ပြောပြခဲ့ပါသေးတယ်။

“ညရောက်တိုင်း သမီးလေးရဲ့နဖူးကို နမ်းပြီး မနက်မှဖြန်တွေ့ကြမယ်”ဆိုပြီး ပြောနေကြစကားလေးကိုလည်း သူမအမေက ပြောပြသွားခဲ့တယ်လို့ သိရပါတယ်။ AlinnMyay ပရိတ်သတ်ကြီးရော ဒီမိန်းကလေးအတွက် ကောင်းမွန်တဲ့ ဘဝရောက်အောင် ဆုတောင်းပေးလိုက်ပါဦးနော်။ သနားစရာ မိဘတွေအတွက်လည်း အားပေးစကားပြောခဲ့ပါဦးနော်။ ပရိတ်သတ်ကြီးလည်း ဒီလို ကျွန်းတွေ ရေရှိတဲ့နေရာတွေသွားမယ်ဆို အနစ်ပိုင်းထိမသွားဖို့ AlinnMyay ပေ့ခ်ျက စေတနာနဲ့ အသိလေးပေးလိုက်ပါရစေနော်။

San Htet Wai-AlinnMyay(အလင်းမြေ) Source-Thesun