မနေ့က အသက်ကယ်ပေးဖို့ အကူအညီတောင်း ခဲ့တဲ့ တစ်နှစ်ခွဲသားလေး အတွက် ချောရတနာမှ ကူညီထောက်ပံ့လိုက်ပါပြီ

141

လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာလောကထဲမှာ မင်းသမီး တစ်ယောက်အဖြစ် ရပ်တည်လာတဲ့ ချောရတနာကိုတော့ အားလုံးလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။ ဆွဲဆောင်မှူရှိတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ ချောရတနာ ကတော့ အနုပညာလောကမှာလည်း အကယ်ဒမီဆုကြီးကို ရရှိသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချောရတနာကတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း အိမ်ထောင်ပြုလိုက်တာကြောင့် အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်တာ သိပ်ပြီး မတွေ့ရတော့ပါဘူး။ ဒါပေမယ့်လည်း ချောရတနာ တယောက်ကတော့ ပျော်ရွင်ရာ မိသားစုလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

မနေ့က (One To One ကလေးလူနာကူညီရေး) စာမျက်နှာမှ တဆင့် တစ်နှစ်ခွဲသားလေး အရေးပေါ်ကယ်ရန် အကူအညီလိုအပ်နေကြောင်း သတင်းတစ်ခုကို AlinnMyay စာမျက်နှာမှ (One To One ကလေးလူနာကူညီရေး) ကိုဝမ်း ရဲ့ ခွင့်ပြုချက်ဖြင့် ဗွီဒီယိုဖိုင်နှင့်တကွ ကူးယူဖော်ပြပြီး အလှူရှင်များသိအောင် မျှဝေပေးခဲ့ပါသည်။

ထိုကလေးငယ်လေးအတွက် (One To One ကလေးလူနာကူညီရေး) ရဲ့ကျေးဇူး နှင့် ရှယ်လုပ်ပြီး မျှဝေပေးခဲ့ကြသူများကျေးဇူးများကြောင့် အခြားသော အလှူရှင်များလည်း လာရောက်လှူဒါန်မှုများရှိခဲ့ကြောင်းသိရပါတယ်။

ဦးနှောက် သွေးအဆိပ်တက် ရောဂါ ခံစားနေရတဲ့ သားလေး ဖိုးသောကြာ အတွက် ချောရတနာတို့ မိသားစုကလည်း အလှူငွေ တစ်သိန်းကျပ် လှူဒါန်းခဲ့ကြောင်း (One To One ကလေးလူနာကူညီရေး) စာမျက်နှာတွင် ဖော်ပြထားတာကို တွေ့မြင်ရပါသည်။

ရောဂါ ခံစားနေရတဲ့ မောင်ဖိုးသောကြာလေး အမြန်ဆုံးသက်သာပျောက်ကင်းပြီး မိသားစုများလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ AlinnMyay မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မချောတို့ မိသားစုနှင့်အတူ အခြားသော အလှူရှင်များလည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ထိထက်မက လှူနိုင်ကြပါစေ။

(One To One ကလေးလူနာကူညီရေး) နှင့် ကိုဝမ်း တို့ ပရဟိတအဖွဲ့သားအားလုံးလည်း ဒီထက်ပိုပြီး ပရဟိတလုပ်ငန်းတွေကို ဆထက်ထန်းပိုးဆေင်ရွက်နိုင်ပြီး အဖွဲ့သားအားလုံး ပီတိအပြည့်နဲ့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့ AlinnMyay မှ ထပ်ဆင့် ဆုတောင်းပေးလိုက်ပါသည်။

ONE TO ONE ကလေးလူနာကူညီရေး

ကိုဝမ်း ဖုန်း ၀၉၇၆၅၇၆၅၁၇၉

မန္တလေးမြို့

လေးစားစွာဖြင့်…

AlinnMyay(အလင်းမြေ)