ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ဥက္ကံမြို့တွင် ရဲတပ်သားတစ်ဦး အရိုက်ခံရ

228

အရက်အတူသောက်ရာ မှ ရဲတပ်သားတစ်ဦး အရိုက်ခံရ။   ။ ဥက္ကံမြို့ သကြားစက်လမ်းဘေး အရက်ဆိုင် ၌ ရဲတပ်သား တစ်ဦး အရိုက်ခံရကြောင်း သတင်းရရှိသည်။

၂၀၁၉ ခု သြဂုတ် လ( ၇ )ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ဥက္ကံမြို့ ရေတာကျေးရွာ နေဦးမြင့်သိန်း မှာ ဥက္ကံ ဈေးမှ ရွာသို့ပြန်ရန် သားဖြစ်သူ ရဲတပ်သားမင်းစည်သူ(ဥက္ကံနယ်မြေစခန်း)အား ဆိုင်ကယ်ဖြင့် လိုက်ပို့ခိုင်းရာ သကြားစက်လမ်းဘေး ရှိ ရွှေကံသာ အရက်ဆိုင်ရှေအရောက် သူငယ်ချင်းဖြစ်သူထွန်းနိုင်မှ လှမ်းခေါ်သဖြင့် သားဖြစ်သူနှင့်အတူ ဆိုင်အတွင်းဝင်သွားပြီး ထွန်းနိုင် မင်းစည်သူ နှင့် ဖခင်ဦးမြင့်သိန်းတို့ အရက်အတူသောက်ခဲ့ရာ မှ

ဦးမြင့်သိန်း နှင့် သားဖြစ်သူ ရဲတပ်သား မင်းစည်သူ တို့ အရက်မူးပြီး တစ်ယောက်တစ်ခွန်းစကားများနေစဉ် ထွန်းနိုင်မှ “မင်းကဒီဆိုင်ထဲကို ဘာလိုက်လုပ်တာလဲ စောက်လုပ်ရှုပ်တယ်ကွာ” ဟုပြော၍ ၎င်းသောက်နေသည့် အရက်ပုလင်းဖြင့် ရဲတပ်သားမင်းစည်သူ အား ရိုက်နှက်ခဲ့၍ မင်းစည်သူ ၌ ဦးခေါင်းဝဲဘက်ဂျိုစောင်း ဖူးရောင်ဒဏ်ရာ ရရှိခဲ့ပြီး

၎င်းအရက်ပုလင်းကွဲဖြင့် ထိုးခဲ့ရာ ဝဲဘက်ပါးပြင်(၁)လက်မခန့်ပြတ်ရှဒဏ်ရာ(၁) ချက် ဝဲဘက်နားအထက် (၁)လက်မခန့်ပြတ်ရှဒဏ်ရာ (၁) ချက်တို့ ရရှိခဲ့သဖြင့် ပုလင်းနှင့် ရိုက်နှက်ထိုးခဲ့သူ ထွန်းနိုင်(၅၀)နှစ် ရွှေကံသာလမ်း ဆင်ဖြူရှင်ရပ်ကွက် ဥက္ကံမြို့နေသူအား ဥပဒေအရအရေးယူပေးပါရန် ဖခင်ဖြစ်သူဦးမြင့်သိန်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အရက်ပုလင်းဖြင့် ရိုက်နှက်ထိုး ခဲ့သူ ထွန်းနိုင် အား ဥက္ကံနယ်မြေ ရဲစခန်း မှ(ပ)၂၂၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ညီညီ(လှိုင်သာယာ)