မုဒိမ်းကျင့်သူကို မိဘ ကိုယ်တိုင်က ရဲလက်သို့ လာအပ်

403

မုဒိမ်းမှုကျူးလွန်သူဟုယူဆသူကို မိဘကိုယ်တိုင် ရဲစခန်းသို့လာရောက် အပ်နှံ။ ။ ချင်းပြည်နယ်တွန်းဇံမြို့တွင် မုဒိမ်းမှုကျူးလွန်သည်ဟုယူဆသူကို အခင်းဖြစ်ပွားပြီး ၅ ရက်အကြာ၌ မိဘကိုယ်တိုင်က ရဲစခန်းသို့လာရောက် အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တွန်းဇံမြို့နယ် သွေးသုမ်ရွာ(Tuitum)တွင်နေထိုင်သည့် မောင်ဟောင်ရှန်းပိုင်(၂၃ နှစ်)သည် သြဂုတ်လ(၂)ရက်နေ့တွင် ကလေးမြို့မှလမ်းကြုံကားစီးလာပြီး ည(၈)နာရီခန့်တွင် တွန်းဇံမြို့အ ဝင် ခေါ်လိုင်ရပ်ကွက်တွင် ၎င်းစီးနှင်လာသည့်ကားရပ်နားခဲ့သည်။

ယင်းကားရပ်သည့်နေရာအနီးရှိအိမ်တွင် မြို့တွင်းတည်းခိုခန်းသို့လိုက် ပို့ပေးရန်အကူအညီတောင်းရာ အိမ်ရှင်က ၎င်းတို့အိမ်သို့အလည်လာသည့် မ…(၂၁ နှစ်)ကို ၎င်းဆိုင်ကယ်နှင့်လိုက်ပို့ပေးရန်ထပ်မံအကူအညီတောင်းသဖြင့် မ…ကလိုက်ပို့ပေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လမ်းတစ်ဝက်သို့အရောက်တွင် မောင်ဟောင်ရှန်းပိုင်က အရက်ဝယ် မည်ဟုဆိုကာ ဆိုင်ကယ်အားခေတ္တရပ်စေပြီး ၎င်းတို့ရွာအနီး ရဲစခန်းထိလိုက်ပို့ပေးပါဟုထပ်မံပြောဆိုကာ ဆိုင်ကယ်အားကိုယ်တိုင်ယူမောင်း၍ သွေးသုမ်ရွာအနီး ဓာတ်ဆီဆိုင်နားတွင်ဆိုင်ကယ်ရပ်၍ မ…ကိုတွန်းလဲ ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သို့သော် မောင်ဟောင်ရှန်းပိုင်သည် တိမ်းရှောင်နေသောကြောင့်မဖမ်းမိနိုင်သဖြင့် သြဂုတ်လ (၇)ရက်တွင် ၄င်းမိဘကိုယ်တိုင် မြို့နယ်ရဲစ ခန်းသို့သွားရောက်အပ်နှံခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မောင်ဟောင်ရှန်းပိုင်ကို တွန်းဇံမြို့နယ်ရဲစခန်းမှ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြစ်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဇူလိုင်(၂၂)ရက်နေ့ကလည်း တွန်းဇံမြို့နယ် နတ်ဇန်ရွာ၌ (၉)နှစ် အရွယ် တတိယတန်းကျောင်းသူကို မန္တလေးတိုင်းဒေသကြီးမှ အလုပ် လာရောက်လုပ်ကိုင်သည့် အသက်(၂၇)နှစ်အရွယ် လမ်းအလုပ် သမားတစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သေးသည်။

သတင်း/ဓာတ်ပုံ-Zalen #whonewsagency