အကယ်ဒမီ ကိစ္စ ပန်ဆယ်လိုလည်း ဒဲ့ပြောပြီ

0
75

အကယ်ဒမီ ကိစ္စ ပန်ဆယ်လို လည်းပြောပြီ

ခါတိုင်းဆို အကယ်ဒမီပေးပွဲဆိုတာ ခွီဖို့ကြည့်တာရယ်။ ဘာတွေ မထော်မနန်းလုပ်တာကို ထိုင်ခွီရမလဲဆိုပြီး အပျင်းပြေထိုင်ကြည့်ဖြစ်တာ။ ဒီနှစ်ကတော့ မျှော်လင့်မိတယ်ပေါ့ကွယ်။ အခုမှ ပြန်စဉ်းစားမိတယ်။ ဒီလိုလူတွေဆီက ဒါတွေအပြင် ဘာများမျှော်လင့်မိသလဲလို့။ ကျွန်မ မျှော်မိ အပြစ်ရှိပါသည်ပေါ့…

ရုံထဲမရောက်တာ နှစ်အတော်ကြာပြီ။ ဒီနှစ်မှ ဥပါယ်တံမျဉ်ကစပြီး တင်သမျှကားကြည့်မိတာ။ ခီတို့မဟုတ်တိုင်းလည်း ပေါကားလို့ တစ်ဖက်စောင်းနင်းလည်း မပြောပါဘူး။ ဒါပေမယ့် ဒီပွဲကတော့ အတော်ရုပ်ပေါက်တဲ့ပွဲ။

အစည်းအရုံးဥက္ကဌ စစကားပြောကတည်းက သဘောက ပေါက်နေပြီ။နိုင်ငံခြားမှာ သွားပြတဲ့ မြန်မာကားတွေ ဘယ်နှကားရှိတာကျနေ။ ပြောသွားပါတယ် အခြားကားနာမည်တွေ။ နိုင်ငံခြားမှပြထားတဲ့(ဆုတွေတောင် ရထားတဲ့) ခီမောင်နှံရဲ့ နှစ်ကားလုံးကျ သစ္စာဆိုထားလားမှတ်ရတယ်… လုံးဝထည့်မပြောဘူး။ အေးလေ… လူကြီးတန်မဲ့ Group Chat ဖွဲ့ပြီးတောင် အတင်းပြောသေးတာပဲ။ ပေးပါလိမ့်မယ်အကယ်ဒမီ… အားကြီးကြီး။

ဖာကားရိုက်လို့ အကယ်ဒမီနဲ့ မထိုက်တန်ဘူးလို့ မပြောပါဘူး။ ဖာကားမကလို့ ဘာရိုက်ရိုက် ထိုက်တန်ရင် ရပါစေ။ မဖြစ်မနေကြီး ပေးချင်တဲ့အထာနဲ့ကတော့ အတော်ပဲ့တယ်။ ဇာတ်ညွှန်းကောင်းပုံများ ဇာတ်ကားထဲက Documentary ပြီးတဲ့ အခန်းမှာ ပရိသတ်က ဇာတ်ကားပြီးပြီမှတ်လို့ ထပြန်ကြတာ ရယ်နေရတယ်။ ဒီကြားထဲ ဆုကိုကောင်းကောင်းမယူဘူး။ စင်ပေါ်တက် မျက်ထောင့်နီကြီးနဲ့ နှုတ်ခမ်းတလန်ပန်းတလန် စောင်းမြောင်းသွားသေးတယ်။

အမလေးဟယ် … TVကြီး ကွဲထွက်ပြီး ယူမက်လုံးကြီး လာမှန်နေပါဦးမယ်။ စိတ်တွေလည်းလျှော့… ကိုယ်ဝန်ကြီးက နေ့စေ့လစေ့နဲ့။ နောင်များဆို ပွဲလည်း တက်မနေပါနဲ့။ ယူ့ပဲ ပေးမယ့်ဟာ။ Delivery နဲ့ ပို့ခိုင်းလိုက်လေ။ အိုင်တို့လည်း မျက်စိနောက် သက်သာတာပေါ့။ TVထဲကနေ မိုက်ကိုင် ငါနဲ့တုတ်မသွားတာတင် ကျေးဇူးတင်လှပါပြီ မောင်မင်းကြီးသားရယ်။ လေတွေထန်တာ ထန်တာ ဆိုင်ကလုန်းဝင်သလိုပဲ.. အောက်စတွေကို လွတ်လို့..

မင်းသား၊ မင်းသမီးဆုတွေကတော့ ခီတို့နှစ်ကားလုံးကို မျှော်မထားပေါင်။ မခရစ်ကိုလည်း အကယ်ဒမီဒါရိုက်တာ ပေးဖြစ်ဖို့ဆိုတာကလည်း အခုချက်ချင်း အရိမေတ္တယျဘုရားရှင် ပွင့်ဖို့ကမှ ဖြစ်နိုင်သလို ရှိသေး။ ပရိသတ်သိပ်စိတ်မဝင်စားတဲ့ ဆုတွေကိုတော့ တစ်ဆုလောက်ပေးပြီး ချွေးသိပ်မယ် ထင်ထားတာ။ တစ်ဆုမှကို ပေးမသွားဘူး… အံ့သြပ။

ပိုပြီးစိတ်မကောင်းတာက မီပဲ။ ခီတို့ကမှ ပရိသတ်အခိုင်အမာကြီး ရထားပြီးပြီ။ မီကိုတော့ မေ့လျော့နေကြတယ်။ ဆရာမကြီး ကြည်အေးရဲ့ စာအုပ်ပါးပါးလေးကို ရုပ်ရှင်တစ်အုပ်လုံး ဖြစ်အောင်ရိုက်တတ်တဲ့ အနုပညာ၊ အသေးစိတ်ကအစ ဂရုတစိုက်နဲ့ စီစဉ်ထားတဲ့ စေတနာ၊ သရုပ်ဆောင်တွေကို ဝတ္ထုထဲက ကာရိုက်တာနဲ့ လွတ်မသွားအောင် ထောင့်စေ့စေ့ စီစဉ်ကြိုးစားထားတဲ့ The King of Set. ပိုင်ဖြိုးသုလို့ မမြင်တော့ဘူး မီအဖြစ် လုံးဝပြောင်းလဲသွားနိုင်တဲ့ မီ။ သူတို့လင်မယားရဲ့ ကြိုးစားအားထုတ်မှုဟာ ထပ်ပြီး ဆင်ဆာကပ်ခံလိုက်ရသလိုပဲ။

မှေးမှိန်ဖျော့တော့နေတဲ့ မီ၊ စီးကရက်ခဲ ရှန်ပိန်သောက် ကပွဲတက်၊ ယောက်ျားတကာနဲ့ အိပ်တဲ့မီဟာ ကြယ်ငါးပွင့်ဟိုတယ်ကြီးထိ ပေါက်ရောက်တဲ့ ဖာက ဒလမှာ နေရတာလောက် ဘဝမနာလို့ပဲ အကယ်ဒမီ မရတာလား။ မျက်ရည်တွေနှပ်တွေကျပြီး အတိတ်ဘဝအကြောင်း မငိုပြတတ်လို့ပဲ အပယ်ခံလိုက်ရသလား။ ကာရိုက်တာချင်းဆင်ဆင်တောင် ဖာပိုဆန်လို့ လက်လွှတ်လိုက်ရတယ်ပဲ ထားလိုက်ပါလေ။ (ရသွားသူကို ဖောင်းမထုပါ။ သူက သူ့အလုပ်ကို တိတိကျကျလုပ်နိုင်တာပါ။ သူရတာ မကျေနပ် မရှိပါဘူး)

အခုရသွားတဲ့ကားတွေကို တစ်စက်မှမကောင်းဘူး၊ အရည်အသွေးမရှိဘူး ပြောနေတာ မဟုတ်။ ရသင့်တဲ့လူတွေ၊ ထိုက်တန်တဲ့လူတွေ ရသွားတာတွေ ပါတာပဲ။ ဒါပေမယ့် ရုပ်ပေါက်လောက်အောင် လုပ်ချသွားတာတွေကို မကျေနပ်တာ။

ရုပ်ရှင်လောကတိုးတက်ဖို့ ပြောင်းလဲဖို့ဆိုပြီး ပါးစပ်နဲ့မဆန့်တဲ့စကားတွေပြော၊ ပရိတ်သတ်ရဲ့ ရုပ်ရှင်ပေါ်အမြင်ကို ပြောင်းလဲစေတဲ့ ဇာတ်ကားတွေကိုကျ မရအရ ကျော်ခွချသွားတာ။ ဒီလိုလူတွေရှိရင် ပြောင်းလဲစရာအကြောင်းကို မရှိတာ။

ခီရော မီရော မရတာ သိပ်ကျေနပ်သွားတယ်။ ခြင်္သေ့တွေက ခွေးအနဲ့ ပြိုင်စရာမလိုဘူး။ ခွေးအတွေ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုဟာ ခြင်္သေ့တွေအတွက် ဂုဏ်ငယ်စရာပဲ။ ညက ရမလား မျှော်လင့်မိတာ သူတို့အပေါ် အထင်သေးလိုက်မိသလို အားနာမိတယ်။

ရှေ့မှာပြောသွားတုန်းကတော့ အဟုတ်။ ဆုံးမသြဝါဒစကားလိုလို အလုံးကြီးတွေက။ ကျွန်တော်တို့ အနုပညာသမားတွေဆိုတာ ပါးစပ်က မချဘူး။ ရုပ်ရှင်လောကကြီး တိုးတက်ဖို့ ဘယ်လိုစည်းစည်းလုံးလုံး ဘယ်လိုလုပ်ကြမယ်။ ဘလာဘလာ… အေး ဒီလို စိတ်ဓါတ်မျိုးတွေနဲ့ တိုးတက်ပါဦးမယ်။ လက်ကမ်းခေါ်မယ့်အစား ထိုးဝါးနဲ့ထိုးချနေတာ။ ဟိုက ရေကူးချန်ပီယံတွေ ဖြစ်နေပြီး သူတို့ပဲ ချီးကားတိုက်ခံနေရတာ….

မုဒြာခေါ်သံက နိုင်ငံတကာမှ ပြသထားပြီး ဆုတွေရထားတာ။ ဒီမှာက တစ်ဆုမှမရဘူးဆိုတော့ကာ… အေးပါကွာ… ခင်ဗျားတို့တွေက အရမ်းကြီး တော်နေကြတာကိုး။

မပေးဘူးဆိုရင်လည်း နိုမီနိတ်ထဲ ထည့်မနေပါနဲ့လေ။ သူများကားတွေ သိက္ခာကျပါတယ်။ နောက်ဆို မက်ဆေ့ခ်ျတွေ အတုံးလိုက် အတစ်လိုက် ကားဆယ်စီးတိုက်လောက် ပေးနိုင်မှ ဆုပေးမယ်လို့ တစ်ခါတည်း ကြော်ငြာထားလိုက်။ ဒါမှမဟုတ် ခီလင်မယားကားဆို မပေးဘူးသာ ပြောထားလိုက်။ အေးတာပဲ။ အဲ့လောက် မက်ဆေ့ခ်ျပေးတာ ဝါသနာပါတာ သူတို့ရယ် တယ်လီဖုန်းအော်ပရာတွေရယ်ပဲ ရှိတယ်။

ပြောလိုက်ရင် အနုပညာမောင်နှမတွေပါ၊ အနုပညာမောင်နှမတွေပါနဲ့။ အနုပညာလင်လုဖက်တွေလို ဝိုင်းဆက်ဆံလိုက်ကြတာ မျက်မြင်ပဲ။ မိတ်ကပ်သုတ်ထားတဲ့ စိတ်ဓါတ်ယုတ်တွေ။

ပရိသတ်စေတနာကြောင့် ရတာပါတဲ။ စွတ်ပြောမနေနဲ့။ ကိုယ့်ပို့စ်အောက်က ကောမန့်တွေဖတ်ပြီး ရှက်တတ်ရင် ရထားတဲ့ ဆုကြီးတောင် ပြန်ပို့ချင်စိတ် ပေါက်သွားဦးမယ်။ ပရိသတ်ပေးတဲ့အကယ်ဒမီဆိုတာကြီးကိုပါ လှမ်းလိုချင်သွားသေးတယ်။

ကိုခီ၊ မခီ၊ မီနဲ့ ကိုဏကြီးတို့ရေ ဒီနိုင်ငံမှာမှ ရုပ်ရှင်သမားအစစ်ကြီး ဖြစ်ချင်တဲ့ ခင်ဗျားတို့ပဲ မှားတာ။

ကျက်သရေအဖြာဖြာ စပရှယ်ဒစ်စကောင့်နဲ့ကို ဗုန်းဗောလအော ယုတ်ရပါတယ်လေ။ အိ ပန် ဆယ် လို

မကျေနပ်သေးဘူး။ ထပ်ရေးဦးမယ်။

နေပါဦး… ခင်ဗျားတို့က ရုပ်ရှင်ရိုက်မှာလား။ ပညာပေးမှာလား။ ရုပ်ရှင်မှာ ပညာမပေးရဘူး မဆိုလိုဘူး။ ပညာပေးမှကို ရုပ်ရှင်လို့ ထင်နေတာကြီးကို ခံစားမရတာ။

ပရိတ်သတ်ကို ကကြီးမသိ ခခွေးမသိတွေကျနေ။ ပေးချင်လိုက်တဲ့ ပညာဆိုတာ။ လက်အုပ်လေးချီပြီး ရုပ်ရှင်ကြည့်ရတော့မလိုပဲ။ ပေးလိုက်တဲ့ မက်ဆေ့ခ်ျဆိုတာ အော်ပရေတာတွေထက် နှာတစ်ဖျားသာသေး။

သူများကိုချည်း ပညာတွေ လှိမ့်ပေးချင်နေတယ်ဆိုတော့ အရမ်းတွေ တော်နေကြတာကိုး။ တစ်ည $100ရတဲ့ ပြည့်တန်ဆာက ဆယ်ရက်ပဲ အော်ဖာရ တစ်လကို $1000။ မြန်မာငွေ ဆယ့်ငါးသိန်း။ ဝတ်တော့လည်း စုတ်တီးစုတ်ပြတ် မိတ်ကပ်တောင်မပါ။

ရန်ကုန်မှာ ငွေတစ်သိန်းလောက်ဆို တိုက်ခန်းငှားနေလို့ရတာ ဇာတ်နာအောင် ဒလသွားနေလိုက်သေးတယ်။ တစ်လ ဆယ့်ငါးသိန်းမှာ တစ်သိန်းလောက် အိမ်ငှားဖို့ မသုံးနိုင်ဘဲ သဗ္ဗာန်ကြီးစီး ဒလပြန်ပြနေရအောင် ပေါင်းနှုတ်မြှောက်စားတောင် မတတ်ကြဘူးလားမသိ။ ဒါနဲ့တောင် ပညာတွေ ပေးချင်နေလိုက်တာ…

ကလပ်ကကြက်ကို ကန်ဘောင်ကကြက်က ကြက်ဘာသာစကားတွေ ပြန်သင်ပေးနေတာ ရယ်လိုက်ရတာ တခွိခွိ။ ပရိသတ်ကို ကြက်စကား သင်ချင် သင်ချင်တယ် တည့်မပြောဘူး။ လလေးလုံးတွေ။ ပညာသိပ်ပေးချင်ရင်လည်း ရုံထဲ AIDSလက်ကမ်းကြော်ငြာ ဝေလိုက်လေ။ ဘယ့်နှယ့် အလုံးလိုက်တွေ ထည့်နေရတာလား။

မုန်းစွဲဆို အိုင့်မှာ ကြိုက်လွန်းလို့ ပြောလိုက်ရတာ တဖွဖွ။ ဒါပေမယ့် ဘာသာရေးကားမို့ အဲ့လောက်စွတ်ပေးချင်ရင်လည်း ဆရာတော်အရှင်ဆန္ဒာဓိကပဲ သွားပေးလိုက်ပါတော့လား။

အနုပညာဟာ အနုပညာလိုပဲ ရှိနေသင့်တယ်။ ပရိသတ်က ခံစားမယ်။ စီးမျောမယ်။ ဒါပဲ ခင်ဗျားတို့မှာ တာဝန်ရှိတာ။ ပရိသတ်ကို သောက်နကန်းတစ်လုံး မသိသူတွေ ကျနေတာပဲ… ပေးလိုက်ရတဲ့ ပညာ၊ ပေးလိုက်ရတဲ့ မက်ဆေ့ခ်ျဆိုတာ။

ပြည့်တန်ဆာတွေကိစ္စက စာတွေ၊သီချင်းတွေ၊ရုပ်ရှင်တွေ အဖန်တစ်ရာတေနေပြီ။ ကြည့်တဲ့လူက မက်ဆေ့ခ်ျပဲရလား။ ဖွေးစိန်ချွတ်ထားတဲ့ ဘရာစီယာဆိုဒ်ပဲ စိတ်ဝင်စားလားလဲ စေ့ငုလိုက်ဦး။ သူတို့ရိုက်ပြမှ ပရိသတ်က ပြည့်တန်ဆာတွေဘဝ သိရတာ ကျနေ။ ဘုရားထူးခံချင်တဲ့ စိတ်ဓါတ်တွေ။

ပညာပေးကားမှ အကယ်ဒမီ ပေးမှာလား။ ပရိသတ်က ပညာပေးမှကို ရမယ့် ပညာမတတ်တဲ့လူတွေချည်းပဲလို့ သတ်မှတ်ထားတာလား။ မျက်ရည်ဘူးသီးလုံးလောက် ကျပြမှပဲ ပရိသတ်က ခံစားတတ်တယ် ထင်နေတာလား။

ဪ… မေ့လို့ ဆေးခြောက်တစ်ကျပ်သားမိရင် ထောင်နှစ်ဆယ်နဲ့ချီ ချပစ်တဲ့ နိုင်ငံမှာ စင်ပေါ်တက်ပြီး ကျွန်တော်ဘိန်းစားပါဆိုတာမျိုးကြီးက ပေးတဲ့မက်ဆေ့ခ်ျမျိုးကို ပိတ်ကားရှေ့မှာ စာအုပ်နဲ့ ဘော့ပင်ကိုင် ပညာရလေချင်းဆိုတဲ့ ပရိသတ်မျိုးတွေချည်းပဲ ထင်နေတာလား။

ဇာတ်လမ်းနာမည်က ကော်ပီ ကျောရိုးက ခပ်ဆင်ဆင် ဇာတ်ဝင်တီးလုံးက ဂျပန် နာရူတိုထဲက ပေးသွားတာတွေက အတုံးလိုက် အတစ်လိုက် ဝိုင်းဆဲကြတာ ဝက်ဝက်ကွဲ ဒါကိုပဲ ပရိသတ်ပေးတဲ့ အကယ်ဒမီဆိုပြီး စင်ပေါ်တက် မဲ့ကာရွံကာနဲ့ ပေါဂုဏ်မောက်သွားလိုက်တာဆိုတာ ပြန်ဆင်းသွားမှပဲ ပုဆိုးလှန်ပြမသွားတာကိုပဲ ကြံဖန်ကျေးဇူးတင်မိတယ်။

တော်ပါပြီ အုန်းကရေကရာရယ် ငါ့နှယ် မနက်ပိုင်း Clean Up Challenge မှာ အီးတောထဲနေခဲ့ရတာတောင် ညပိုင်း အဲ့လူမျက်နှာ မြင်ရတာလောက် အော်ဂလီမဆန်မိဘူး..

ရွံတာ ရွံတာဆိုတာလေ…Source : အိပန်ဆယ်လို