မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော် Line Walker 2ဇာတ်ကားအားရုံတင်ပြသနေပြီ

71

မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာရှင်တွေ၊ ပြည်သူတွေရဲ့ကြားမှာ ဝေဖန်မှုတွေ အားပေးမှုတွေနဲ့ ဂယက်ရိုက်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ Line Walker 2 ဇာတ်ကားကို ရုံတင်ပြသနေပြီဖြစ်တယ်လို့သိရပါတယ်။ ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးခဲ့ပြီး ရိုက်ကူးခဲ့စဉ်တုန်းက ပြည်သူလူထုနဲ့ မြန်မာနိုင်ငံကအနုပညာရှင်တွေရဲ့ကြားမှာ ထောက်ခံအားပေးသူတွေ ဝေဖန်သူတွေနဲ့ပြည့်နှက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၉၊ ဖေဖော်ဝါရီလ ထဲမှာ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Line Walker ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်တဲ့ Line Walker 2ကို မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးခဲ့ပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး အစိုးရဆီမှာ တရားဝင်ခွင့်ပြုချက်တွေ အခွန်တွေပေးဆောင်ကာရိုက်ကူးခဲ့တာပါ။ အဲ့ဒီရိုက်ကူးခဲ့တဲ့အချိန်ကာလတုန်းကလည်း ပြည်သူပိုင်လမ်းမပေါ်မှာရိုက်ကူးတာဖြစ်တဲ့အတွက် လမ်းကိုပိတ်ဆို့ထားမှုတွေရှိတာကြောင့် ပြည်သူလူထုကြားဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ကြပါတယ်။

ဒီဇာတ်ကားထဲမှာ​ မြန်မာနိုင်ငံသားသရုပ်ဆောင်တွေဖြစ်တဲ့​ မင်းရာဇာ၊ အောင့်မြင့်မြတ်နဲ့.သရုပ်ဆောင်အချို့ပါဝင်ကြပြီး မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးခဲ့တဲ့အခန်းတွေဟာ​ အချိန်၁၅မိနစ်စာခန့်​ ကြာတယ်လို့သိရပါတယ်။ ဒီဇာတ်ကားကို​ သြဂုတ်လ၈ရက်နေ့ကနေစတင်ပြီး​ မြန်မာနိုင်ငံကရုပ်ရှင်ရုံကြီးတွေမှာ​ စတင်ပြသနေပြီဖြစ်ကြောင်းသိရပါတယ်။

Yenin​ Phawah-AlinnMyay​(အလင်းမြေ)