ဆုမရတဲ့ ခီမောင်နှံအတွက် အားပေးစကားပြောလိုက်တဲ့ မို့မို့မြင့်အောင်

0
71

ဆုမရတဲ့ ခီမောင်နှံအတွက် အားပေးစကားပြောလိုက်တဲ့ မို့မို့မြင့်အောင်

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကသားတွေအတွက် မှတ်တိုင်၊ ပန်းတိုင်တစ်ခုလို့ဆိုရမယ့် အကယ်ဒမီပေးပွဲကြီးကိုတော့ အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာတော့ The One Entertain -ment မှာပြုလုပ်ခဲ့တဲ့ ဒီအကယ်ဒမီပေးပွဲကြီးကို အနုပညာလောကသားတွေအမြောက်အမြားတက်ရောက်လာခဲ့တာတွေ့ရပါတယ်။ဝါရင့်သရုပ်ဆောင်မို့မို့မြင့်အောင်ကတော့ သားတပည့်ဖြစ်သူ သူထူးစံ မထင်မှတ်ပဲ အကယ်ဒမီရခဲ့တာအပေါ်လဲ အရမ်းကိုဝမ်းသာလို့နေပါတယ်။

စုပ်ရော လာဘ်ရော ဝင်တဲ့ မိန်းမလဲရ အကယ်ဒမီလဲ ရတဲ့သူထူးစံအတွက် အရမ်းပျော်နေပါတယ်။သားတပည့်သူထူးစံကို စီးပွားရေးပဲလုပ်တော့ အနုပညာကိုလျော့လို့ပြောခဲ့ပေမယ့် အကယ်ဒမီရတော့ အတိုင်းမသိဝမ်းသာပါတယ်လို့လဲပြောခဲ့ပါတယ်။

မမိုကတော့ ခီမောင်နှံ အကယ်ဒမီ မရတာနဲ့ ပတ်သက်ပြီးလဲ ပြောခဲ့ပါသေးတယ်။ မမို့က ” သူတို့ကိုလဲ နမြောတယ်။ သူတို့ကလေလမ်းသစ်ကိုဖော်တဲ့သူတွေ။ ခရစ်​(စ)တီးနားခီ ကိုပိုသဘောကျတယ်နော်။ ခရစ်​(စ)တီးနားခီ ကမိန်းကလေးဖြစ်ပေမယ့် အန်မတန်ကိုပြေးပါတယ် ရိုက်ချက်လေးတွေလဲ အန်မတန်တော်ပါတယ်။

သူတို့အရွယ်ငယ်ပါသေးတယ်။ လမ်းကြောင်းကြီးကိုသူတို့ဖောက်တဲ့အတွက် လမ်းကြောင်းကြီးကိုသူတို့လျောက်ဖို့ အချိန်မရွေးယူနိုင်ပါသေးတယ်။ မမို့ကအဲ့လိုယုံကြည်တယ်။ ဒီကနေလဲ သူတို့ကို မို့အားပေးပါတယ်။ ဘာဖြစ်လ်ု့လဲဆို သူတို့ဖောက်တဲ့လမ်းမှာ သူတို့လျောက်ဖို့အတွက် လမ်းကြယ်ကြီးကိုသူတို့ရသွားပြီ တကယ့် လမ်းကောင်းကြီးကိုသူတို့ရသွားပြီ အချိန်မရွေး သူတို့ယူလို့ရပါတယ်

အဲ့အတွက်မမို့ဒီကနေအားပေးပါတယ်လို့ ” ပြောခဲ့ပါတယ်။ မမို့ ကတော့ တော်လွန်းတဲ့ခီမောင်နှံကို တရားဝင်ချီူးကျူး ခဲ့တဲ့ အနုပညာရှင်တစ်ယော်လဲဖြစ်ပါတယ်။ဗဟုသုတရွာ Broken Heart