အနုပညာမှာ ချွတ်ရမယ့်အခန်းဆို ချွတ်ရမှာပဲဆိုဆဲ့ ဒါရိုက်တာ ညိုမင်းလွင်

93

မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ဇာတ်ကားတွေကို ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ သူ့အနေနဲ့ ရုပ်ရှင်တွေထြုမှာ ဖော်သင့်ဖော် ချွတ်သင့်ရင် ချွတ်ရမှာပဲလို့ ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။

ညိုမင်းလွင်ကတော့ The Spa ဇတ်ကားအတွက် သရုပ်ဆောင်တွေကို ဘယ်လို စည်းရုံးလဲဆိုတဲ့မေးခွန်းကို “ဘယ်လိုစည်းရုံလည်းဆိုတော့ ကိုယ်တွေက တဏှာရူးနေတာမဟုတ်ဘူးလေ အလုပ်အရ ဒီဇာတ်ဝင်ခန်းမှာ ဒီလိုအဝတ်ချွတ်ဖို့ လိုတယ်ဆို ချွတ်ရမှာပဲလေ အဲ့မှာစရိုက်ထဲက Spa အခန်းထဲမှာ မီးထိုးစရာရှိတဲ့သူက မီးထိုး ပြီးရင် အပြင်ထွက် ဒီအခန်းထဲမှာ DOP ရယ် ဒါရိုက်တာရယ်ပဲ ရှိရမယ် ဆိုပြီး ရိုက်ကြတာလေ”

ယဉ်ကျေးမှု့မရှိဘူးလို့ဝေဖန်နေကြတဲ့အပေါ်မှာလည်း “ ယဉ်ကျေးမှု့အနေနဲ့ကတော့ထောက်ပြမနေနဲ့ ရှိမှာပဲ ဒါကိုလည်း ကျွန်တော်တို့ မငြင်းပါဘူး အဲ့မှာတစ်ခုရှိတာက နေရာတကာတိုင်းတော့ ယဉ်ကျေးမှု့ဆိုတဲ့ ပေတံနဲ့သွားထောက်လို့မရဘူး ဒီဇာတ်လမ်းထဲမှာ ဒီပုံနှစ်ပုံပဲ မြင်ရသေးတာလေ ဒီဇာတ်လမ်းထဲမှာ သူတို့က မြန်မာလူမျိုးမဟုတ်ဘူး သရုပ်ဆောင်တာ မြန်မာလူမျိုးအနေနဲ့ မဟုတ်ဘူး အဲ့ဒါကို ကျွန်တော်တို့က မြန်မာ့ယဉ်ကျေးမှု့ ဆိုတဲ့ စံနဲ့သွားထောက်လို့ မရဘူး ရိုက်ထားတာကလည်းSpa သွားလို့ရှိရင် နောင်မှာ ကျောချမ်းလာအောင် ရိုက်ထားတာ

ဆင်ဆာဖြတ်တဲ့အခန်းတွေက ဘယ်လိုပုံစံ မျိုးတွေလဲဆိုတော့ ညိုမင်းလွင်က“အဓိကကတော့ အဲ့ဒီSex အသားပေးတဲ့ အခန်းနှစ်ခန်းလောက်ပေါ့ အဲ့ဒါကလည်း လိုအပ်လို့ပြထားတာ ဇာတ်ဝင်ခန်းအတွက် လိုအပ်လို့ အဲ့ဒါကိုလည်း ဖြတ်ထားတယ်။ဆင်ဆာကြောင့်ဇာတ်ကားအပေါ်ထိခိုက်တာတွေ ရှိလာနိုင်လားဆိုတဲ့မေးခွန်းကိုလည်း

“အဲ့ဒါက အတက်နိုင်ဆုံး ကျွန်တော်တေပေပြီး စောင့်နေခဲ့တာ အများကြီး မဖြတ်ခံချင်လို့ပေါ့နော် တေပေပြီး ခေါင်းမာပြီး စောင့်နေခဲ့တာ ခုတော့ရပြီပေါ့။အဲ့ဒါကတော့ အစ်ကိုကြီး ပိုသိပါလိမ့်မယ် Lucky Boss က အစ်ကိုကြီး ကိုသိန်းဇော် အခုတောင်ဒီနေ့ရူတင်ရှိတယ် မိုးရွာလို့ပြန်ရွှေ့လာတာ ၉ ရက်နေ့ပြန်စမယ် ဒီလထဲမှာတော့ ရိုက်ကူးရေးအားလုံး အဆုံးသတ်ဖို့ သေချာတယ် ကျေးဇူးတင်ပါတယ် စိတ့ဝင်တစားနဲ့ စောင့်ကြည့်ပေးတဲ့သူတွေ မည်သည့် ရည်ရွယ်ချက်နဲ့ ဖြစ်စေ စောင့်ကြည့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။”

နေက်ဆုံးအနေနဲ့လည်း ညိုမင်းလွင်က “ မြန်မာ့ရုပ်ရှင်ရဲ့အဓိကက ပရိတ်သတ်ရဲ့အားကို အများကြီး မူတည်နေပါတယ် ကျွန်တော်တို့ဘက်က ဘာတွေ ဘယ်လိုပဲ လုပ်ထားလုပ်ထား မကြည့်ဘူး ဆိုတဲ့သူတွေ ဘာပဲလုပ်လုပ် မကြည့်ဘူး ဆိုတဲ့သူ မြန်မာကားဆို မြန်မာ ဆိုတဲ့နေရာမှာတင် တန်းစွဲနေတဲ့သူတွေ အဲ့လိုလူတွေထက် စာရင် စိတ်ဝင်တစားနဲ့ စောင့်ကြည့် ပေးတဲ့ ပရိတ်သတ်ကို လေးလေးနက်နက်နဲ့ ကျေးဇူးတင်ပါတယ်။” ဟု ပြောကြားသွား ခဲ့ပါတယ်။ AlinnMyay ပရိသတ်ကြီးလဲ ညိုမင်းလွင်ပြောတာကို လက်ခံကြတယ်မလား။

AlinnMyay(အလင်းမြေ)