ခြင်တွေကို လူတွေရဲ့သွေးစုပ်ခွင့်ပေးသင့်တယ်လို့ လူတစ်ဦးပြော

41

ထိုလူနာမည်ကတော့ Aymeric Caron လို့အအမည်ရှိပါတယ်။ သူကတော့ တိရစ္ဆာန်တွေကို လူ့အသက်တစ်ချောင်းလို တန်ဖိုးထားတာကြောင့် ၁၉၉၀ ကတည်းက အသားငါးလုံးဝမစားတဲ့ သက်သက်လွတ်သမားတစ်ဦး ဖြစ်ပါတယ်။ သူပြောခဲ့ပုံကတော့ ကျွန်တော်တို့တွေဟာ ခြင်တွေကို မသတ်သင့်ပါဘူး။ သွေးစုပ်တာကို ခွင့်ပြုသင့်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဗိုက်ဆာနေတဲ့ အင်းစက်တွေကို အစာကျွေးတယ်လို့ သဘောထားစေချင်ပါတယ်။ သူ့အသက်ကတော့ ၄၇ နှစ်ရှိပြီဖြစ်ပြီး ခြင်တွေကို သတ်ပစ်ရှင်းလင်းပစ်တာဟာ ဆိုးရွားတဲ့ အကြံပဲလို့ ပြောသွားခဲ့ပါတယ်။ တကယ်တော့ ခြင်တွေဟာသူတို့ရဲ့ ကလေးတွေအတွက် အစာလိုအပ်လို့ သွေးကို စုပ်နေတာဖြစ်တာကြောင့် လှူတယ်လို့ သဘောထားပြီး မသတ်သင့်ကြောင်း ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ပြောခဲ့တာပါ။

ခြင်ကိုက်တာကို မုန်းလွန်းတဲ့ သူတွေကလည်း ခြင်တွေကို မသတ်ပစ်ဘဲ သဘာဝအတိုင်းခြင်မလာအောင် ကြက်သွန်ဖြူ၊ လာဗင်ဒါအဆီ စတာတွေကိုပဲ သုံးသင့်တယ်လို့ အကြံပေးသွားခဲ့ပါတယ်။ ဒီလို အငြင်းပွားမှုတွေဖြစ်လာပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ကတော့ ဒါကိုခိုင်မာတဲ့ အကြောင်းပြချက်နဲ့
ဒီအကြံဥာဏ်တွေကို ငြင်းပယ်ခဲ့ပါတယ်။

ဒါကတော့ တိရစ္ဆာန်တွေထဲကြောင့် လူတွေသေရတဲ့ အထဲမှာမှ ခြင်ကြောင့် လူသေအများဆုံးဖြစ်နေတာပါပဲ။ ခြင်ဟာ ရောဂါပိုးပေါင်းစုံကို သယ်ဆောင်နိုင်တဲ့ သတ္တဝါမျိုးစိတ်ပါ။ ခြင်ကြောင့် တုပ်ကွေးကြီးရောဂါ၊ အသားဝါရောဂါ၊ ငှက်တုပ်ကွေး၊ သွေးလွန်တုပ်ကွေး စသည်ဖြင့် ဖြစ်ပေါ်နိုင်တာကြောင့် ဖြစ်ပါတယ်။

AlinnMyay ပရိတ်သတ်ကြီး ကလည်း တိရစ္ဆာန်လေးတွေကို ချစ်လို့ဆိုပြီး ခြင်တွေကို သွေးမစုပ်ခိုင်းပါနဲ့နော်။ တကယ်ကို အန္တာရာယ်များလို့ပါ။ ယခုလို မိုးရာသီဆိုပိုဆိုးနိုင်တာကြောင့် သတိထားစေချင်ပါတယ်နော်။ အားလုံးဘေးရန်ကင်း အသက်ရှည်ကျန်းမာဖို့ AlinnMyay ပေ့ခ်ျက ဆုမွန်ကောင်းတောင်းပေးလိုက်တယ်နော်။

AlinnMyay(အလင်းမြေ) Source-Elite Readers

ApannPyay