ပြည့်တန်ဆာမလုပ်နိုင်ဘူးလို့ငြင်းဆန်ခဲ့ရာကနေ အသတ်ခံရတယ်လို့ယူဆရတဲ့မော်ဒယ်မလေး

218

ဖြစ်ရပ်မှန်ရုပ်သံအစီအစဉ်တစ်ခုကနေ နာမည်ကြီးလာတဲ့ လိင်ပြောင်းမော်ဒယ်တစ်ယောက်ဖြစ်သူ Miriam Rivera ဟာ ထူးဆန်းစွာဆွဲကြိုးချသေဆုံးသွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူကတော့ သူမဟာ ပြည့်တန်ဆာအလုပ်မလုပ်နိုင်ဘူးလို့ငြင်းဆိုရာကနေ အသတ်ခံရတာဖြစ်နိုင်တယ်လို့ သံသယ၀င်နေတာကို ထုတ်ဖော်ပြောပြလိုက်တာပါ။

အသက် ၃၈နှစ်သာရှိသေးတဲ့ သူမကို သူမရဲ့မွေးရပ်မြေဖြစ်တဲ့ မက္ကဆီကိုနိုင်ငံက နေအိမ်မှာသေဆုံးလျက်ရှိတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သူမခင်ပွန်းရဲ့ပြောပြချက်အရ ဆွဲကြိုးချသေဆုံးနေတာကိုမတွေ့ခင်နာရီပိုင်းလောက်ပါ သူမနေမကောင်းပဲ သွေးတွေအန်နေတဲ့တယ်လို့ ခင်ပွန်းဖြစ်သူကို ဖုန်းဆက်ပြီးပြောပြခဲ့တယ်လို့သိရပါတယ်။ ခင်ပွန်းဖြစ်သူဟာလည်း ဆေးရုံသွားဖို့ပြောခဲ့ပြီး နေ့လည်၁၂နာရီလောက်မှာ သူမဆေးရုံသွားတော့မယ်လို့ ဖုန်းဆက်ပြောခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် နေလည် ၂နာရီအချိန်မှာ ဆွဲကြိုးချသေဆုံးနေတဲ့သူမကို ရဲတွေက သူမရဲ့နေအိမ်မှာတွေ့ရှိခဲ့တာပါ။

အဲ့တာကြောင့် ခင်ပွန်းသည်ဖြစ်သူဟာ သူ့ရဲ့ဇနီးကိုတစ်ယောက်ယောက်ကသတ်သွားပြီး ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုပုံစံဖြစ်အောင် တမင်ကြံစည်ပြုလုပ်ထားတယ်လို့ ယူဆကြောင်းကိုပြောပြခဲ့တာပါ။ ဇနီးသည်ရဲ့အလောင်းကို လေယာဉ်နဲ့ သူနေထိုင်တဲ့အမေရိကန်နိုင်ငံကိုသယ်ယူဖို့ ရဲအရာရှိတွေဆီကတောင်းခဲ့ပေမယ့် သဂြိုလ်ပြီးနေပြီဖြစ်လို့ပေးလို့မရကြောင်းသာပြောခဲ့ပြီး အလောင်းကိုခွဲစိတ်စစ်ဆေးတာတွေလည်းပြုလုပ်ခဲ့တာမရှိခဲ့ဘူးလို့ဆိုပါတယ်။

အဲ့တာအပြင် ဇနီးသည်ရဲ့အသုဘကိုပြုလုပ်ပေးဖို့စီစဉ်နေတုန်းကလည်း ဖုန်းဆက်ပြီးခြိမ်းခြောက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ ခြိမ်းခြောက်တဲ့သူက သူ့ကို ဘယ်တော့မှ မက္ကဆီကို ကိုပြန်မလာနဲ့၊ လာရင်မင်းကိုပ်ါသတ်ပစ်မယ်ဆိုပြီး ပြောခဲ့တယ်လို့ သိရပါတယ်။

သူမနဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကတော့​ သေဆုံးသွားတဲ့ မော်ဒယ်ဟာ လူကုန်ကူးမှုကို ဆန့်ကျင်ရှုံ့ချတဲ့အတွက်ကြောင့် အသတ်ခံခဲ့ရတာဖြစ်မယ်လို့မှတ်ချက်ချခဲ့ပါတယ်။ သေဆုံးသွားတဲ့မော်ဒယ်ဖြစ်သူဟာ မကြာခင်မှာဘွဲ့တစ်ခုရတော့မှာဖြစ်ပြီး ဘွဲ့ယူဖို့အတွက်အရမ်းမျှော်လင့်ပြီး စိတ်အားထက်သန်နေကြောင်းကိုတောင် ဖုန်းဆက်ပြီးပြောခဲ့သေးတယ်လို့သိရပါတယ်။

Yenin​ Phawah-AlinnMyay(အလင်းမြေ)