လိင်အားတိုးဆေး အသောက်လွန်သွားတဲ့ အမျိုးသားတစ်ဦးရဲ့ ဖြစ်ရပ်

286

အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့အမျိုးသားတစ်ယောက်ဟာ လိင်အားတိုးဆေး Viagra ကိုသောက်မိရာကနေ အခန့်မသင့်ပဲ ဆေးရုံကို နှစ်ပတ်တိတိတက်ရောက်ခဲ့ရပါတယ်။ ဆရာဝန်တွေက သူ့ရဲလိင်အဂါင်္ကိုသုံးမရတော့တဲ့အထိအခြေအနေဆိုးမသွားစေဖို့အတွက် အချိန်လုကာ အသည်းအသန်ကုသပေးခဲ့ရတယ်လို့ဆိုပါတယ်။

Danny Polaris လို့ခေါ်တဲ့အမျိုးသားတစ်ယောက်ဟာ လိင်အားတိုးဆေးကိုပါတီပွဲတစ်ခုမသွားခင်မှာ သောက်သုံးခဲ့တာပါ။ အဲ့ဒါအပြင် ပါတီပွဲကအပြန်မှာ သူနာပြုဆရာမလေးတစ်ယောက်နဲ့ပြန်လာခဲ့ပြီး သူနာပြုဆရာမလေးရဲ့တိုက်တွန်းချက်အရ လိင်အဂါင်္ကိုနိုးဆွပေးတဲ့ဆေးကို သူ့ရဲ့အမျိုးသားအဂါင်္ထဲထိုးသွင်းခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီအခိုက်အတန့်ဟာ သူ့ဘ၀အတွက် အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ကိုချမိလိုက်တာပဲဆိုပြီး သူကတော့နောင်တရနေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအားတိုးဆေးကိုသောက်ပြီး ဆေးထိုးသွင်းပြီးတဲ့နေ့ကစလို့ နှစ်ပတ်တိတိလျော့ကျသွားမှုမရှိပဲ သူ့ရဲ့လိင်အဂါင်္ဟာ နှိုးကြားတက်ကြွနေခဲ့လို့ပါပဲ။ ဘာလုပ်လို့လုပ်ရမှန်းမသိခဲ့တဲ့သူဟာ သူနဲ့တိုက်ခန်းအတူနေတဲ့သူငယ်ချင်းရဲ့ ၀ိုင်အအေးပေးတဲ့စက်ကို လိင်အဂါင်္မှာပတ်ရစ်ပြီးဒီအတိုင်းနေကာ ဘယ်သူ့ကိုမှအကူအညီတောင်းခဲ့တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။

နှစ်ရက်အကြာမှတော့ ဆေးရုံကို သူ့ရဲ့လိင်အဂါင်္ကနာကျင်လွန်းတဲ့အတွက် အော်ဟစ်ညည်းတွားကာရောက်လာခဲ့ပြီး ဆရာဝန်တွေကသူ့ကိုအလျင်အမြန်ကုသပေးခဲ့ရပါတယ်။ အဲ့ဒီလိုအချိန်အကြာကြီးလိင်အဂါင်္ထောင်မတ်နေတာဟာ အလျင်အမြန်မကုသရင်တစ်သက်လုံးအသုံးပြုလို့မရတော့တဲ့အထိ ပျက်စီးသွားနိုင်တယ်လို့ဆိုပါတယ်။

ဆရာဝန်တွေဟာ သူ့ရဲ့အမျိုးသားအဂါင်္ကိုအပ်တွေထိုးထည့်ကာ ငါးကြိမ်တိုင်တိုင်သွေးတွေကိုဖယ်ထုတ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ သူ့ရဲ့အမျိုးသားအဂါင်္ထဲက သွေးတွေကို အကြိမ်ကြိမ်အခါခါခွဲစိတ်မှုတွေပြုလုပ်ပြီးဖယ်ရှားပေးနေခဲ့ပေမယ့် သူ့ရဲ့လိင်အဂါင်္ဟာ နိုးကြားမြဲ နိုးကြားနေဆဲဖြစ်ပြီး အခုထက်ထိပြန်မကောင်းလာသေးဘူးလို့ဆိုပါတယ်။ သူဟာ သွေးတွေကိုအများအပြားဆုံးရှုံးခဲ့ရလို့ ခနခနသတိလစ်မေ့မျောကာ အသက်အန္တရာယ်ရှိတဲ့အခြေအနေရှိနေကြောင်းသိရပါတယ်။

Yenin Phawah-AlinnMyay(အလင်းမြေ)