အသက်မပြည့်သေးတဲ့ ကျာင်းသူလေးနဲ့ Oral Sex လုပ်မိတဲ့ ဆရာမရဲ့ ဖြစ်ရပ်

412

ကျောင်းဆရာမနာမည်ကတော့ Lauren Coyle-Mitchell ဖြစ်ပြီး အသက်ကတော့ ၃၆ နှစ်ဖြစ်ပါတယ်။ Jersey မြို့က Dr.Lena Edwards Academic Charer ကျောင်းမှာ ၂၀၁၅ ကဖြစ်ပွားခဲ့တာပါ။ သူမရဲ့ဝန်ခံချက်အရ ထို ၁၅ နှစ်အရွယ်ရှစ်တန်းကျောင်းသူလေးနဲ့ မက်စေ့ခ်ျပြောရင်းကနေ ကျောင်းသူလေးကို အကျင့်စာရိတ္တပျက်ပြားစေမှုတွေ ဖြစ်ပေါ်စေတာလို့ ပြောသွားခဲ့ပါတယ်။

၂၀၁၅ တုန်းက ကျောင်းဆရာမအိမ်မှာပဲ ၁၅ နှစ်အရွယ်ကျောင်းသူလေးနဲ့ လိင်တူချင်းစိတ်ကျေနပ်မှုပေးနိုင်တဲ့ Oral Sex နည်းနဲ့ ပြစ်မှုကျူးလွန်မှုကို စတင်ခဲ့တာပါ။ Hackensack က Superior တရားရုံးမှာလွန်ခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကဗုဒ္ဓဟူးနေ့မှာ ဆရာမရဲ့ ရှေ့နေ့က ” ဒီလုပ်ရပ်တွေဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးရဲ့ စာရိတ္တတွေကို ပျက်ပြားစေအောင် လုပ်မိခဲ့တာလား” ဟုမေးမြန်းကြည့်ရာ တရားခံဆရာမ ဟုတ်ပါတယ်လို့ ဖြေသွားခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်ကို လိပ်ပြာမသန့်တော့တာကြောင့် ဝန်ခံခဲ့ရာ ပြစ်မှုလျော့ခဲ့တာဖြစ်ပါတယ်။ အနည်းဆုံးငါးနှစ်ဆိုပေမယ့် လေးနှစ်နဲ့ သုံးလဖြစ်သွားခဲ့ပါတယ်။ သူမအနေနဲ့လည်း ဒီကိစ္စတွေပြီးသွားရင် သူမရဲ့နာမည်ကို သန့်ရှင်းစေချင်တယ်လို့ ပြောခဲ့ပါသေးတယ်။ ကျောင်းသူလေးရဲ့ မိဘတွေကိုလည်း တောင်းပန်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရပ်မျိုးက လွန်ခဲ့တဲ့နှစ်ကပဲ Arizona မှာ အသက်နှစ်ဆယ်အရွယ် ကျောင်းဆရာနဲ့ ၁၃ နှစ်အရွယ်တပည့်နဲ့ ဖြစ်သွားခဲ့သေးတယ်လို့ သိရပါတယ်။ ၂၀၁၈ မတ်လမှာZamora အမည်ရှိသူ တရားခံကအဖမ်းခံခဲ့ပြီး ဒုက္ခသည်ရဲ့ မိဘတွေကတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ စုံစမ်းနေဆဲလို့ သိရပါတယ်။

San Htet Wai-AlinnMyay(အလင်းမြေ) Source-Ladbible

ApannPyay