ထိုင်းမှာ ကွန်​ဒိုငြမ်းစင်​ပြိုကျပြီး မြန်​မာနိုင်​ငံသား အလုပ်​သမား​တွေ​သေဆုံး

263

ပြီးခဲ့တဲ့ တနင်္ဂ​နွေ​နေ့က ထိုင်းနိုင်​ငံ၊ Rawai မြို့က ​ဆောက်​လုပ်​​ရေးလုပ်​ငန်းခွင်ဖြစ်​တဲ့ VIP Rawai ကွန်​ဒိုမီနီယံပ​ရောဂျက်​က ​ဆောက်​လက်​စ ကွန်​ဒိုငြမ်းစင်ဟာ ​မြေ​ပေါ် ပြိုကျသွားခဲ့ပြီး​နောက်​ မြန်​မာနို​င်​ငံသား တစ်​ဦး​သေဆုံးပြီး ရှစ်​ဦးအထိဒဏ်​ရာရခဲ့သလို လုပ်​ငန်းခွင်​ထဲမှာ အလုပ်​သမား​တွေဟာ မြန်​မာနိုင်​ငံသား​တွေဖြစ်​တယ်​လို့ ဘန်​​ကောက်​ပို့စ်​သတင်းဌာနက​ဖော်​ပြသွားခဲ့ပါတယ်​။

ဒီ​နေ့မနက်​မှာ​တော့ အ​ဆောက်​အဦအပျက်​အစီးပုံကြားထဲမှာ ပိတ်​မိပြီး​သေဆုံး​နေခဲ့တဲ့ မြန်​မာလုပ်​သားနှစ်​ဦးကို ​ရှာ​ဖွေ​တွေ့ရှိခဲ့ရတယ်​လို့ ​နောက်​ဆက်​တွဲသတင်းအရထပ်​မံသိရှိခဲ့ရပြီး ​ဆောက်​လုပ်​​ရေးလုပ်​ငန်းခွင်​ အပျက်အစီး​​တွေကြားထဲက မြန်​မာလုပ်​သား​တွေကို ကယ်​ဆယ်​​ရေးအဖွဲ့​တွေက ရှာ​ဖွေကယ်​ဆယ်​ခဲ့ကြတာဖြစ်​တယ်​လို့ သိရပါတယ်​။

ဒီဖြစ်​ရပ်​ဟာ သြဂုတ်​လ ၁၂ ရက်​၊ တနင်္ဂ​နွေ​နေ့ည နှစ်​နာရီအချိန်​မှာဖြစ်​ပွားခဲ့တာလို့ သိရပြီး ဒဏ်​ရာရရှိသူ မြန်​မာလုပ်​သား ၈ ဦးမှာ ၅ ဦးက ကုသမှုခံယူပြီး ​ဆေးရုံကဆင်းနိုင်​ခဲ့ပြီဖြစ်​သလို ကျန်​သုံးဦးကို​တော့ ဆက်​လက်​ကုသ​နေဆဲဖြစ်​တယ်​လို့သိရတာပါ။

ဆက်​လက်​သိရှိရတဲ့သတင်းအရ ​သေဆုံးသူ​သုံးဦးမှာ ရှမ်းပြည်​နယ်​ ​အောင်​လံမြို့နယ်​က ၂ဦးပါဝင်​ပြီး ​မ​ကွေးတိုင်း​ပေါင်းမြို့နယ်​ကတစ်​ဦးပါဝင်​တယ်​လို့ သိရပါတယ်​။

မြင်​ရကြားရတာ စိတ်​မသက်​သာစရာ၊ ရင်​နာစရာ​ကောင်းလှတဲ့ မြန်​မာနိုင်​ငံသား​တွေရဲ့ဘဝပါ။ နို​င်​ငံရပ်​ခြားကို​ရောက်​ရှိ​​နေထိုင်​ပြီး အလုပ်​လုပ်​ကိုင်​​နေရသူ မြန်​မာပြည်​သူပြည်​သား​တွေ​ ​ဘေးကင်းရန်​ကွာကြပါ​စေ။

EFIL-AlinnMyay(အလင်းမြေ)