လူ့အသက်ကို တိုစေနိုင်တဲ့ စိတ်​ဖိစီးမှုတွေကို အ​ကောင်းဆုံး ဘယ်​လို​ဖြေ​ဖျောက်​ကြမလဲ

143

လူတစ်​​ယောက်​ဖြစ်​လာပြီဆိုရင်​ ​နေ့စဉ်​ဘဝမှာ စိတ်​ဖိစီးမှုဒဏ်​ကို​ ​ရှောင်​လွှဲလို့မရပါဘူး။ ရင်​ဆိုင်ကိုင်​တွယ်​​ဖြေရှင်းဖို့သာ ကြိးပမ်းအားထုတ်​ရပါတယ်​။ စိတ်​ဖိစီးမှုကို​ဖြေ​ဖျောက်​နိုင်​ဖို့ဆိုရင်​ အနည်းငယ်​စိတ်​ရှည်​လက်​ရှည်​ရှိ​ပေးဖို့လိုသလို ကိုယ်​တိုင်​စိတ်​ဖိစီး​နေရတဲ့ အ​ကြောင်းအရင်းကိုလဲ အ​သေအချာသိထား​ပေးဖို့လိုပါတယ်​။

မိသားစုပြသနာ၊ အလုပ်​ခွင်​ပြသနာ….. ဒီလိုပြသနာ​တွေနဲ့ကြုံရတိုင်းမှာ ကျန်းမာ​ရေးအ​ရေ မထိခိုက်​ရ​အောင်​ စိတ်​ဖိစီးမှု​သောကဒဏ်​ကို ထိန်း​ကျောင်းကိုင်​တွယ်​​ပေးရပါမယ်​။ စိတ်ဖိစီးမှုကို ​ဖြေ​ဖျောက်​ဖို့ အချိန်​အနည်းငယ်​​လောက်သာ အသုံးပြု​လိုက်​ရင်​ လူ​ရောစိတ်​ပါပိုပြီး ကျန်းမာ​ပျော်​ရွှင်​စွာ ရှင်​သန်​နိုင်​သွားမှာပါ။

တစ်​​နေ့တာ စိတ်​ဖိစီးမှုကို အ​ကောင်းဆုံး ဘယ်​လို​ဖြေ​ဖျောက်​ကြမလဲ ဆိုတဲ့နည်းလမ်း​လေး​တွေကို ရှာ​ဖွေတင်​ဆက်​​ပေးလိုက်​ရပါတယ်​။

သီချင်းနားဆင်​ပါ

သီချင်းနားဆင်​ခြင်းက စိတ်​ကို​ပြေ​လျော့​စေတယ်​။ ဂီတသံဟာ ဦး​နှောက်​နဲ့ခန္ဓာကိုယ်​ကို ​ကောင်းကျိုးဖြစ်​​စေပါတယ်​။ စိတ်​ဖိစီးမှု​ဟော်​မုန်းဖြစ်​တဲ့ Cortisol ကို ​လျှော့ချ​ပေးသွားတာပါ။ စာသားမပါဝင်​တဲ့ ​တေးဂီတသံ ငြိမ့်​​ငြိမ့်​​ညောင်း​​ညောင်း​လေး​တွေကိုလဲ နားဆင်​​ပေးပါ။

အစားကိုအချိန်​မှန်​မှန်​နဲ့ မျှတ​အောင်​စားပါ

အာဟာရမျှတဖို့ အသီးအနှံ၊ အသီးအရွက်​နဲ့ တူနာငါး​တွေကို တွဲဖက်​စား​ပေးသင့်​ပါတယ်​။ ဦး​နှောက်​အတွက်​အင်​မတန်​​ကောင်းမွန်​ပါတယ်​။ အချိန်​မှန်​မှန်​​စား​ပေးဖို့လဲအ​ရေးကြီးတာပါ။

သူငယ်​ချင်းနဲ့ရင်​ဖွင့်​စကား​ပြောပါ

စိတ်​သက်​သာရာရခြင်းကို လိုချင်​ရင်​ စကား​တွေကိုရင်​ဖွင့်​​ပြောပြလို့ရမယ့်​ သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ရှိရင်​လဲ သိပ်​​ကောင်းပါတယ်​။ စိတ်​ကို​ပေါ့သွား​စေတယ်​။ ကိုယ်​​ပြောသမျှ အပြစ်​တင်​စိတ်​နဲ့မမြင်​ဘဲ အရှိအရှိအတိုင်း နား​ထောင်​​ပေးမယ့်​သူမျိုးဆီမှာ ကိုယ်​ခံစားရသမျှကိုရင်​ဖွင့်​​ပေးပါ။

ကိုယ့်​ကိုယ်​ကို စကား​ပြော​ပေးပါ

ဒီကိစ္စက ရူးနှမ်းတဲ့ကိစ္စမဟုတ်​ပါဘူး။ ဘယ်​သူနဲ့မှစကားမ​ပြောချင်​တဲ့အခါ ကိုယ့်​ကိုယ်​ကိုယ်​စကား​ပြော​ပေးပါ။ ကိုယ်​ခံစားရသမျှ ကိုယ်​ဘာ​ကြောင့်​ဒီလိုခံစားရ​နေသလဲဆိုတာမှန်​သမျှကိုပါ ​ပြောပြ​ပေးပါ။ ရှုပ်​​ထွေးတင်းကျပ်​​နေတဲ့စိတ်​​တွေ အကုန်​လုံး ​လျော့ပါးသက်​သားသွား​စေပါတယ်​။

ဟာသရုပ်​ရှင်​​တွေနဲ့ ရယ်​​မောပါ

ရယ်​​မောခြင်းက ဦး​နှောက်​အတွက်​အရမ်း​ကောင်းတဲ့ Endorphin လို့​ခေါ်တဲ့​ဟော်​မုန်းကိုထုတ်​​ပေးတာမို့ များများရယ်​​​ပေးပါ။ ဟာသ​ရုပ်​ရှင်​​တွေကြည့်​ပြီးရယ်​​ပေးပါ။ များများသာရယ်​​ပေးပါ။

တရားထိုင်​ပါ၊ ​ယောဂကျင့်​ပါ

စိတ်​ကိုအတည်​ငြိမ်​ဆုံးစုစည်း​ပေးနိုင်​တဲ့ အ​လေ့အကျင့်​​ကောင်း​တွေဖြစ်​ပါတယ်​။ တရားထိုင်​တာက စိတ်​ကိုကြည်​လင်​ပြီးတည်​ငြိမ်​သွား​စေသလို ​ပြသနာကိုလဲ အရှင်းအတိုင်းမြင်​သွား​စေပါတယ်​။ ဒါက​ရေရှည်​လုပ်​​ပေးသွားရင်​ လူတစ်​​ယောက်​ရဲ့ဘဝတစ်​ခုလုံးအထိပါ ​ပြောင်းလဲသွား​စေနိုင်​တဲ့အထိ အကျိုး​ကျေးဇူးများပြားပါတယ်​။

EFIL-AlinnMyay(အလင်းမြေ)