တစ်ပတ်အတွင်း ရေ ရအောင် မပို့ပေး နိုင်ပါက ကိုယ်တိုင် ရေထမ်းပို့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ၀န်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင် ကတိပေး
မြေတိုင်ကန်ကျေးရွာထံကို တစ်ပတ်အတွင်း စိုက်ပျိုးရေရရရှိအောင် မပို့ပေးနိုင်ဘူးဆိုရင် ကိုယ်တိုင် ရေထမ်းပို့မယ်ဆိုတဲ့အကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သြဂုတ်လ ၇ ရက်နေ့က အဲ့ဒီမြေတိုင်ကန်ကျေးရွာမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်ဆက်တွဲမှာတော့ ဒီကိစ္စအပေါ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ဝေဖန်သုံးသပ်မှုရှိလာခဲ့ပြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့မှာ တစ်ပတ်အတွင်း စိုက်ပျိုးရေရအောင် မလုပ်ပေးနိုင်ရင် သူကိုယ်တိုင် ရေထမ်းပို့မယ်လို့ ရဲရဲဝံ့ဝံ့ ကတိပေးခဲ့ကြောင်း၊ ဒီ မြေတိုင်ကန် ကျေးရွာကို တစ်ပတ်အတွင်း စိုက်ပျိုးရေ ရောက်သွားလားဆိုတာတော့ မသိရှိခဲ့ရကြောင်း၊ တစ်နှစ်ကြာတဲ့အခါ စိုက်ပျိုးရေရရှိမှုအခြေအနေ ဘယ်လိုရှိနိုင်မလဲ စိတ်ဝင်စားမိကြောင်း ဦးရဲထွဋ်က ရေးသားထားတာ တွေ့ခဲ့ရပါတယ်။
ရေရရှိမှု၊ မရှိမှုနဲ့ပတ်သတ်ပြီး နောက်ဆက်တွဲသတင်းကို သတင်းမီဒီယာတွေအပေါ်မှာ တွေ့ရှိခဲ့ခြင်းမရှိခဲ့တဲ့အပေါ် ဦးရဲထွဋ်က မေးခွန်းထုတ်သွားခဲ့ပြီး သူ့ရဲ့ထင်မြင်ချက်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားကာ ဝေဖန်သုံးသပ်သွားခဲ့တာပါ။
ဒီအပေါ်မှာတော့ ဒေါက်တာဇော်မြင့်မောင်ဟာ သူပြောတဲ့ကာလအတွင်းမှာ ကျေးရွာအတွင်း ရေရရှိအောင်လုပ်ပေးသွားနိုင်ခဲ့တယ်လို့ ပြောဆိုမှုတွေလဲရှိခဲ့ပြီး “ဟုတ်တယ် ရေတော့ရလိုက်တယ် နားလည်အောင်ပြောရရင် %အရဆိုရင်တော့ နည်းတာပေါ့ စိုက်ပျိုးရေ လိုအပ်ချက်က ဂါလံ ၁၀၀၀၀ ဆိုပါစို့ ၁၀၀၀၀ မရဘဲ ၁၀၀၀ ပဲရနေရင် လုပ်ငန်းမှာ အဆင်မပြေတာတွေ ရှိပါတယ် ဒါကိုနားလည်ဖို့လိုတယ်။
ဘုပြော ဂွတိုက် ကန်လန့်လိုက်နေရင် ဒေသတိုးတက်ရေး ဖွံ့ဖြိုးရေးတွေမှာ မတိုးတက်သင့်သလောက် မတိုးတက်ဘဲ ရပ်တန့်သွားနိုင်တယ် တစ်ဦးနဲ့တစ်ဦး ထိန်းကျောင်းဖေးမသွားခြင်းကသာ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူဖြစ်မှာပါ ” လို့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးကလည်း တုံ့ပြန်ရေးသားပြီးဖြေရှင်းသွားခဲ့တာကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။
EFIL-AlinnMyay
Source – Ye Htut