အသက် ၂၃ နှစ်အရွယ် Gypsy Rose Blanchard မိန်းကလေးဟာ သူ့ရဲ့ချစ်သူကောင်လေးနဲ့ပူးပေါင်းပြီး အသက် ၄၈ နှစ်အရွယ် သူ့ရဲ့အမေရင်းကို ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သာမန်စိတ်ဖောက်ပြန်တဲ့၊ မိဘအပေါ်ကျေးဇူးမဲ့တဲ့ လူသတ်မှုဆိုတာထက် ဒီဇာတ်လမ်းနောက်ကွယ်မှာ အကြောင်းအရာ ကြီးကြီးမားမားရှိနေပါတယ်။
အကြောင်းကတော့ သူ့ရဲ့မိခင်ဖြစ်သူ Dee Dee Blanchard ဟာ သူ့ကို ၁၀ နှစ်ကျော်ကြာအောင်အထိ မသန်စွမ်းသူတစ်ယောက်အနေနဲ့ ဟန်ဆောင်နေထိုင်ခိုင်းပြီး လူမမာတစ်ယောက်လိုပုံစံပေါက်အောင် ဘီးတပ်ကုလားခုံနဲ့ အိမ်ထဲမှာသာ ပိတ်မိပြီးရှင်သန်စေခဲ့တာပါ။
မိခင်ဖြစ်သူဟာ သမီးလေးဟာ ငယ်ငယ်လေးထဲက သွေးကင်ဆာဝေဒနာခံစားနေရကြောင်း၊ ကြွက်သားတွေ တဖြည်းဖြည်း ကျုံလှီလာတတ်တဲ့ နာတာရှည်မသန်စွမ်းရောဂါတစ်မျိုးကို ခံစားနေရကြောင်းပြောဆိုပြီး ၁၀ နှစ်ကြာအောင်အထိ တစ်လောကလုံးကို လိမ်လည်လှည့်ဖျားထားခဲ့တာဖြစ်ပါတယိ။
မိခင်ဖြစ်သူရဲ့ ပိပိရိရိလိမ်လည်နိုင်မှုကြောင့် မိခင်နဲ့အိမ်ထောင်ကွဲနေသူ Rose ရဲ့ အဖေအရင်းကတောင် ဒီလိုတစ်ထစ်ချယုံကြည်မှတ်ယူထားခဲ့တာဖြစ်ပါတယ်။
မိခင်တစ်ယောက်အနေနဲ့ ဒီလိုပြုမူရတာဟာ စိတ်ပိုင်းဆိုင်ရာဝေဒနာပုံစံတစ်မျိုးကို သူဟာ စိတ္တဇဆန်ဆန်ခံစားနေခဲ့ရတာလို့ ပညာရှင်တွေကယူဆခဲ့ကြပြီး အဲ့ဒီ စိတ္တဇပုံစံကတော့ ကိုယ်ပြုစုထိန်းသိမ်းစောင့်ရှောက်နေရတဲ့ ကလေးက ရောဂါဝေဒနာတစ်ခုခံစားနေချိန်မှာ မိမိကိုယ်တိုင်မှာတော့ ကျန်းမာရေးကောင်းမွန်မှုကို ရရှိနေတယ်ဆိုတဲ့ စိတ်ခံစားမှုကိုလိုချင်လို့ပြုမူဟန်ဆောင်ဆက်ဆံတာဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့အသိုင်းအဝိုင်းရဲ့ထွက်ဆိုချက်အရ မိခင်ဟာ မသန်စွမ်းသူသမီးငယ်ကို ဗန်းပြခုတုံးလုပ်ပြီး စေတနာအလှူရှင်တွေဆီက ပိုက်ဆံနဲ့အကျိုးအမြတ်တွေကို အချောင်ယူလိမ်စားလှည့်ဖျားခဲ့တာဖြစ်ကြောင်း သိခဲ့ရပါတယ်။
Rose ဟာ မိခင်ဖြစ်သူအပေါ် ဒီအငြိုးအတေးတွေကြောင့် ဓားနဲ့ အသေထိုးသတ်ခဲ့တာဖြစ်တယ်လို့ တရားရုံးမှာထွက်ဆိုသွားခဲ့ပြီး အဲ့ဒီ တရားရုံးထွက်ဆိုချိန်ရောက်မှသာ Rose ဟာ တရားရုံးကို လမ်းလျှောက်ပြီးလာခဲ့တဲ့ဖြစ်ရပ်မှာ ဖခင်ဖြစ်သူကပါ အကြီးအကျယ်ထိတ်လန့်အံ့သြမင်သက်သွားခဲ့ရပြီး မိခင်ဖြစ်သူရဲ့ လျှို့ဝှက်ကြံစည်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ ဘူးပေါ်သလိုပေါ်သွားခဲ့တာဖြစ်ပါတယ်။
Rose ကိုတော့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်သွားခဲ့တာဖြစ်ပါတယ်။
EFIL-AlinnMyay(အလင်းမြေ)