အကြွေးတောင်းရာမှ ဓါးမဖြင့် ခုတ်ခံရမှု ထန်းတပင်မြို့နယ်၌ ဖြစ်ပွား

30

ထန်းတပင်မြို့နယ် ၌ အကြွေးတောင်း ရာ မှ စကားများ၍ အမျိုးသမီး တစ်ဦး ဓါးခုတ်ခံရကြောင်း သိရသည်။

၂၀၁၉ ခု သြဂုတ် ၁၀ ရက် နေ့ည(၇)နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် နဲသမိန် ကျေးရွာနေ သူ ဒေါ်အေးဝင်းသည် ၎င်းရွာနေ အိသန္တာစိုးထံ အကြွေးတောင်းမှုနှင့်ပတ်သက် ၍ အိသန္တာစိုး၏ ခင်ပွန်း သန်းဇော် က နေအိမ်အတွင်းမှ အော်ဟစ်ဆဲဆိုကာ “အကုန်သတ်ပြစ်မယ်” ဟု ကြိမ်းမောင်းပြောဆိုနေသဖြင့် တရားလို၏သမီးဖြစ်သူ မဝိုင်းချစ် မှ သန်းဇော် အား “အကိုကြီး ညီမအမေကို ဆဲဆိုနေတာဟာ အစ်ကိုကြီးအမေကိုဆဲသလိုပဲ” ဟု ပြန်လည်ပြောခဲ့ခြင်း အား သန်းဇော် မှ မကျေနပ်သဖြင့် အရိုးအသွား (၁၅)လက်မခန့်ရှိ ဓါးမဖြင့် မဝိုင်းချစ် အား ခုတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရသည်။

ဓါးဖြင့်ခုတ်ခံရမှုကြောင့် မဝိုင်းချစ်(၂၀)နှစ် နဲသမိန်ကျေးရွာ နေသူ ၌ ဦးခေါင်းနောက်စေ့ ယာဘက်ခြမ်း ပေါက်ပြဲဒဏ်ရာ(၁)ချက် ရရှိခဲ့သဖြင့် နဲသမိန် တိုက်နယ်ဆေးရုံ ၌ ဆေးကုသမှု ခံယူ နေရသဖြင့် သမီးဖြစ်သူအား ဓါးဖြင့်ခုတ်သူ သန်းဇော်(၃၃)နှစ် (၃)ရပ်ကွက် နဲသမိန်စံပြကျေးရွာ နေသူအား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်အေးဝင်း မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ် နှင့် ပတ်သက် ၍ ဆဲဆိုကြိမ်းမောင်းပြီး ဓါးဖြင့် ခုတ်သူ သန်းဇော် အား ထန်းတပင်မြို့မရဲစခန်း မှ (ပ)၄၂၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၃၂၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ညီညီ(လှိုင်သာယာ) Real News Distribution Agency

ApannPyay