ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ ၂ နှစ်သားလေး ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်

236

Kayleigh Leonard အမည်ရှိသူ ၂၄ နှစ်အရွယ်မိခင်ဟာ သြဂုတ်လ (၆) ရက်နေ့ မနက် ရှစ်နာရီခွဲအချိန်မှာ သားလေးကို ကြည့်ဖို့ သားလေးအခန်းထဲကို ဝင်လိုက်ပြီး လှုပ်နှိုးကြည့်ရာ အသက်မရှိတော့ကြောင်းကို သိရတာပါ။ သားလေးရဲ့နာမည်ကတော့ Arlo ဖြစ်ပြီး ၂ နှစ်သားအရွယ် လမ်းလျှောက်တတ်ခါစ ကလေးငယ်လေးပါ။ ညကအထိ မိသားစုသုံးယောက်ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

သားလေးဟာ ဖျားတာနာတာမရှိကြောင်းနဲ့ ဒီလိုရုတ်တရက်ခွဲခွာသွားတာကို သိသိချင်း ဘာမှမပြောနိုင်တော့ဘဲ အံ့သြပြီး မယုံနိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

” ကျွန်မမယုံနိုင်ပါဘူး၊ သားလေးက ကျန်းမာရေးကောင်းတယ်လေ၊ ဘာလို့ ဒီလိုဖြစ်ရတာလည်း၊ ခုကျွန်မနဲ့ကျွန်မခင်ပွန်းက Arlo မရှိဘဲ ဘယ်လိုရှေ့ဆက်သွားရတော့မှာလည်း၊ ကျွန်မတို့ရဲ့သားဦးလေးပါ၊ ဘာပဲဖြစ်ဖြစ်သားလေးက ဘာဒဏ်ရာဘာနာကျင်မှုမှမရှိဘဲ လောကကြီးကို နှုတ်ဆက်သွားတာ ကံကောင်းပါတယ်လို့ ” ဝမ်းနည်းမျက်ရည်များနဲ့အတူသွားခဲ့ပါတယ်။

သားငယ်လေးဟာဆိုရင် IG မှာပုံတင်ရင်လည်း လူအများရဲ့ချစ်ခင်မှုကို ရရှိပါသေးတယ်။ ဒါ့ကြောင့် ထိုသူများကလည်း အလွန်စိတ်မကောင်းဖြစ်ပြီး လှူတန်းသူများလည်း အများအပြားရှိနေခဲ့ပါတယ်။ Liverpool က Alder Hey bereavement စင်တာနဲ့ Sudden Unexplained Death in Childhood (SUDC) ဖောင်ဒေးရှင်းတို့မှတစ်ဆင့် လှူဒါန်းကြောင်း သိရှိရပါတယ်။ လေးနာရီအတွင်းမှာပဲ အလှူရှင်ပေါင်း ၆၀ ကျော်ရှိတယ်လို့ သတင်းရရှိရပါတယ်။

မိဘတွေအနေနဲ့ အသက်ကလည်း ငယ်သေး၊ သားဦးလေးလည်း ဖြစ်တာကြောင့် ဖြေမဆည်နိုင် ဖြစ်နေကြရရှာပါတယ်။ သားလေးရဲ့ဓါတ်ပုံတွေ၊ အမှတ်တရ ဗွီဒီယိုဖိုင်လေးတွေကြည့်ရင်း ဒီဖြစ်ရပ်ဆိုးကို မယုံနိုင်ဖြစ်နေကြတယ်လို့ သိရပါတယ်။ သားလေးဘာကြောင့် သေဆုံးတယ်ဆိုတာကိုတော့ စုံစမ်းနေကြဆဲပါ။

AlinnMyay ပရိတ်သတ်ကြီးရော ကိုယ့်ရဲ့ကလေးတွေကို ဖြစ်နိုင်ရင် အခန်းခွဲပြီး မသိပ်စေချင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်များလွန်းတယ်လို့ ထင်မိပါတယ်။ ကလေးငယ်လေးအတွက် ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းပေးလိုက်ပါဦးနော။်

San Htet Wai-AlinnMyay(အလင်းမြေ) Source-Mirror

ApannPyay