မန္တလေး ကျွဲဆည်ကန် ကားဝင်းမှ တက္ကစီသမားများက ခရီးသည်ဆီက ခြိမ်းခြောက်ငွေ တောင်းခံ

203

မန္တလေးမြို့၌ ငွေခြိမ်းခြောက် တောင်းသော ကျွဲဆည်ကန် ကားဝင်းမှ တက္ကစီကားသမားများကို အရေးယူ။  ။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ကားဝင်းမှ ငွေခြိမ်းခြောက် တောင်းသော တက္ကစီ ကားသမားနှင့် အပေါင်းပါအား အရေးယူထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်းပိုင်း)၊ ဟဲဟိုးမြို့မှ ခရီးယာဉ် ကားဖြင့် လိုက်လာသော ခရီးသည်တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ကားဝင်းရောက်စဉ် အသက် ၃၀နှစ်အရွယ် အရပ်ရှည်ရှည် အမျိုးသားမှ လက်ဆွဲအိတ်အား ဆွဲယူ၍ ” ဘယ်သွားမလဲ၊ ဘယ်ပို့ပေး ရမလဲ မေးသဖြင့်”သွားလိုသည့် ၄၁လမ်း၊၅၁×၅၂ကြားသို့ ငွေကျပ် ၄၀၀၀ကျပ်ဖြင့် ငှားရမ်းပြီး သွားခဲ့ကြောင်း ဆိုသည်။

တက္ကစီကားပေါ်တွင် တက္ကစီကားသမားနှင့်အတူ အသားမဲမဲ အဖော်တစ်ဦး လိုက်ပါလာကြောင်းဆိုသည်။

လမ်းပေါ်အရောက် ယာဉ်မောင်းခ ၁၅၀၀၀ကျပ် ပေးရမည်ဆိုပြောဆိုလာ၍ နည်းနည်းပိုပေးမယ် ပြောသော်လည်း ၆၂လမ်းနှင့် သိပ္ပံလမ်းထောင့်နား အရောက်တွင် တက္ကစီကားသမားက ကားကို ရပ်သဖြင့် ကားပေါ်က ဆင်းစဉ် တက္ကစီကားသမားနှင့်အတူ ပါလာသော အသားမဲမဲသူ ၂ဦးတို့က ကားပေါ်မှ ဆင်းလာပြီး၊ ကားခ ၂၀၀၀၀ပေးရမည်ဟုတောင်းတယ်။

၁၀၀၀၀ဘဲ တတ်နိုင်၍ ၁၀၀၀၀ ပေးမည်ဟု ပြောလိုက်ရာ ၎င်းတို့ ၂ဦးမှ ၂၀၀၀၀ မပေးရင် မင်းပစ္စည်းတွေလဲ မပေးဘူး၊ သေသွားမည်ဟု ပြောဆိုခြိမ်းခြောက်၍ ၁၅၀၀၀ပေးလိုက်ရကြောင်း ဆိုသည်။

အဆိုပါဖြစ်စဉ်အား ခြိမ်းခြောက်ငွေတောင်းသူ တက္ကစီကားသမားနှင့် အဖော်ပါလာသူ ၂ဦးအား အရေးယူပေးရန် တိုင်တန်းကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ပြစ်မှုကျူးလွန်သူ ကိုမျိုးကျော် ၃၀နှစ်၊ နေမျိုးအောင် ၂၂နှစ် တို့နှစ်ဦးအား စုံစမ်းဖမ်းဆီးနိုင်ပြီး၊ ပြည်ကြီးတံခွန် မြို့မရဲမှ ရဲစခန်းမှ (ပ)၈၇၉/၂၀၁၉၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၈၆၊ ခြိမ်းခြောက်ငွေ တောင်းယူမှုဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

ထွန်းမင်းနောင်(မန္တလေး)

Real News Distribution Agency