ဧရာဝတီဘဏ်အငယ်တန်းစာရေးမက ဘဏ်အပ်ငွေသိန်း(၂၁၀၀)ကို သူရည်းစားဖြစ်သူရဲ့ အကောင့်ထဲကို လွှဲပြောင်းပေးမူ

200

ဧရာဝတီဘဏ်အငယ်တန်းစာရေးမကဘဏ်အပ်ငွေသိန်း(၂၁၀၀)ကို သူရည်းစားဖြစ်သူရဲ့ငွေစာရင်းထဲလွဲပြောင်းပေးမူဖြစ်ပွားခြင်းကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အုပ်ချုပ်မှုတပ်ခွဲ မှ ဌာနစုမှူး ရဲအုပ် အောင်ကိုသန့် ကြီးကြပ်မူဖြင့် ဒုရဲအုပ်ထွန်းကိုကိုနှင်အဖွဲ့မှခက်ခက်ခဲခဲ စွမ်းစွမ်းတမံဖမ်းစီးရမိခြင်း

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ၁၀း၃၀ အချိန် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဧရာဝတီ ဘဏ်ခွဲ(၄၅)တာဝန်ခံ မအိသူမြင့်(၂၉)နှစ် သည် ဘဏ်လုပ်ငန်းဆောင်ရွက်နေစဉ် ၎င်းဘဏ်မှ အငယ်တန်း စာရေး မနှင်းဦးဝေ(၂၆)နှစ်မှ ဒေါ်ကြင်မြင့်(၅၅)နှစ် ပိုင်ဆိုင်သည့် ငွေစာရင်းအမှတ်အား သုံးစွဲ၍ ငွေကျပ် ၂,၁၀၀ သိန်းအား ၎င်း၏ ရည်းစားဖြစ်သူ ဖြိုးဝေစိုး(၂၅)နှစ်၏ ငွေစာရင်းသို့လွှဲပြောင်းပေးခဲ့ရာ ဖြိုးဝေစိုးက ငွေကျပ် ၂,၁၀၀ သိန်းအနက်မှ ငွေကျပ် ၁,၇၀၀ သိန်းအား လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ(၂)မှ ထုတ်ယူသွား ခဲ့ကြောင်း တွေ့ရှိရသဖြင့် မနှင်းဦးဝေနှင့် ဖြိုးဝေစိုးတို့အား ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၁၂၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၁၁၄(စာရေးမှယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊အားပေးကူညီမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းရရချင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အုပ်ချုပ်မူတပ်ခွဲ့မှ ဒုရဲအုပ် ထွန်းကိုကိုနှင့်အဖွဲ့မှဖြိုးဝေစိုး ငွေထုပ်ယူမူမှတ်တမ်းအား ဧရာဝတီဘဏ်ခွဲ (၂)လှိုင်သာယာဘဏ်ခွဲ မှ cctvမှတ်တမ်းအား သွားရောက်ကြည့်ရှူရာ 8M / 4031 Light Truck ယဉ်အား (၁၀၀၀၀)ကျပ်ဖြင့်ဌားရမ်းပြီးကျော်စွာနှင်အတူငွေသိန်း(၁၇၀၀)အား ၁၅-၇-၂၀၁၉ ရက်နေ့ ၁၁:၃၀ အချိန်တွင်ထုတ်ယူပြီး လှိုင်သာယာ ( ၉ ) ရပ်ကွက်သို့သယ်ဆောင်ပြီး သစ်ခွအထည်ဆိုင်မှာချပေးခဲ့ပြီး သစ်ခွအထည်ဆိုင် cctvမှတ်တမ်းမှ 9D/ 6627 probox အဌားယဉ်ဖြင့်တဆင့်ဌားရမ်းပြီး ရွှေပြည်သာမြို့နယ် ပုလဲလမ်းဆုံမှာ ရပ်ပြီးနောက်တစီးဌားရမ်းသွားသဖြင့်ကွင်းဆက်ပြတ်တောက်သွားခဲ့ပါသည်

မနှင်းဝေဦး အား စုံစမ်းရာ ၁၅ •၇ • ၂၀၁၉ ရက်နေ့ ၁၀:၃၀အချိန်ခန့် တွင် ဧရာဝတီ ဘဏ်ခွဲ့( ၄၅ ) တပင်ရွှေထီး cctvမှတ်တမ်းမှ 4k/ 5373 AD vanအဌားယဉ်အား လှိုင်သာယာ ( ၉ ) ရပ်ကွက် သစ်ခွအထည်ဆိုင် ဌားရမ်းသွားသည်ကိုသိရသဖြင့် မေးမြန်းရာ ဆိုင်ဝန်ထမ်းမှ အမျိုးသမီးတဦးဖုန်းဆက်သည်ကိုပြောသဖြင့်စုံစမ်းရာ ကျော်စွာ၏ကောင်မလေးဖြစ်နိုင်ကြောင်းပြောပြီးစုံစမ်းရာ ရွှေပြည်သာ မြို့နယ်(၂၀ )ရပ်ကွက် မကွေး ၃ လမ်း အိမ်အမှတ် ၄၅၇ မှ မမြင့်မြင်စိုး (ဘ)ဦးသက်မောင်ခိုင် အသက်(၂၄)သမီးဖြစ်ကြောင်းသိရပြီး ဆက်လက်စုံစမ်းရာ ဦးလေးဖြစ်သူနေထိုင်သည့် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းရဲစခန်းအပိုင် ကျုံပတုတ်ကျေးရွာနေ မြင့်မြ့င်စိုး၏ဦးလေးဖြစ်သူ ဦးဝင်းရွှေနေအိမ်တွင် ၁၅ • ၈ • ၂၀၁၉ ရက်နေ့ နံနက် ၀၃ :၄၀ အချိန်တွင်ဖမ်းစီးရမိခဲ့ပါသည်

ဖြိုးဝေစိုးအသက်(၂၅)နှစ် (ဘ)ဦးထွန်းအေး မ /၅၂၅ စပ်စံထွန်းလမ်း (၉)ရပ်ကွက် လှိုင်သာယာမြို့နယ်ကျော်စွာ ၂၇ နှစ် (ဘ) ဦးသန်းညွန့် မ/၅၉ မြိုင်လမ်း ၉ ရပ်ကွက် လှိုင်သာယာမြို့နယ်| မနှင်းဦးဝေ အသက် ၂၆နှစ် မ/၆၉၉ ပိတောက်လမ်း (၁၁) ရပ်ကွက် လှိုင်သာယာမြို့နယ်/

မမြင့်မြင်စိုး အသက်၂၄နှစ် (ဘ) ဦးသက်မောင်ခိုင် မ/၄၅၇ မကွေး ၃ လမ်း ရွှေပြည်သာမြို့နယ် နေသူတိုအားငွေကျပ် သိန်း(၁၀၈၀) နှင်အတူရွှေထည့် ( ၂၅ )မျိုးအားသိမ်းဆည်းပြီး မရမ်းကုန်းမြို့နယ် ဘုရင်နောင်စခန်းကိုအပ်နှံပြီးအရေးယူခဲ့ပါသည်။

Co-sanmin