အလှူရှင်​များအ​နေဖြင့်​ ကျိုက်​မ​ရောမြို့နယ်​သို့ တိုက်​ရိုက်​သွား​ရောက်​ခြင်း မပြုရန်​ မွန်​ပြည်​နယ်​အစိုးရ ​မေတ္တာရပ်​ခံ

234

မွန်​ပြည်​နယ်​၊ ကျိုက်​မ​ရောမြို့နယ်​တွင်​ အတ္တရံမြစ်​​ရေစီးဆင်းမှု အား​ကောင်း​နေ​သော​​ကြောင့်​ အလှူရှင်​များအ​နေဖြင့်​ ​ကျေးရွာများသို့ တိုက်​ရိုက်​သွား​ရောက်​ခြင်း မပြုကြရန်​ ပြည်​နယ်​အစိုးရအဖွဲ့မှ ​မေတ္တာရပ်​ခံ​ကြောင်း အစိုးရအဖွဲ့ ညွှန်​ကြား​ရေးမှူး ဦးမြင့်​သန်းဝင်းက ​ပြောသည်​။

“အတ္တရံမြစ်​​ရေက ​ရေစီးတအားသန်​တယ်​။ မနှစ်​ကလည်း ​ရေစီးကြမ်းလို့ သေဆုံးခဲ့တာ​တွေရှိဖူးတယ်​။ အလှူရှင်​​တွေကို တိုက်​ရိုက်​မသွားခိုင်းတာက အန္တရာယ်​ရှိလို့ပါ။ ​လမ်းခရီးက မလုံခြုံတဲ့အတွက်​ ပြည်​နယ်​အစိုးရအဖွဲ့က ​မေတ္တာရပ်​ခံတာဖြစ်​ပါတယ်​”ဟု ၎င်းက ​ပြောသည်​။

လက်​ရှိတွင်​ ​ရေနစ်​မြှုပ်​​နေ​သောဧရိယာသည်​ ကျယ်​ဝန်း​နေသည့်​အပြင်​ ​လှေအခက်​အခဲရှိ​နေ​သော​ကြောင့်​ စိတ်​ချရ​သော အ​နေအထား​ရောက်​မှသာ သွားလာ​စေခြင်း​ကြောင်း ဆက်​လက်​​ပြောသည်​။

ကျန်​သည့်​မြို့နယ်​များသည်​ လမ်းပန်းဆက်​သွယ်​​ရေး ​ကောင်းမွန်​လာပြီဖြစ်​​သော​ကြောင့်​ သွား​ရောက်​လှူဒါန်းခွင့်​ပြု​သော်​လည်း ​ရေစီးကြမ်း​သော ကျိုက်​မ​ရောမြို့နယ်​တစ်​ခုထဲကိုသာ သွား​ရောက်​ခြင်းမပြုရန်​ သတိ​ပေးခြင်းဖြစ်​​ကြောင်း ထပ်​မံ​ပြောသည်​။

သွား​ရောက်​လှူဒါန်းသူများကို အသက်​ကယ်​အင်္ကျီ အလုံအ​လောက်​ ​ပေးနိုင်​ခြင်းမရှိ​သေး​သော​ကြောင့်​ ပြည်​နယ်​အစိုးရမှ လတ်​တ​လောအချိန်​တွင်​ ကိုယ်​တိုင်​ကိုယ်​ကျ သွား​ရောက်​လှူဒါန်းခြင်းကို သည်းခံ​ပေးပါရန်​ ​မေတ္တာရပ်​ခံ​ကြောင်း ပြောသည်​။

လက်​ရှိတွင်​ ကယ်​ဆယ်​​ရေးအဖွဲ့နှင့်​ ​လှေအခက်​အခဲများ​ကြောင့်​ လာ​ရောက်​လှူဒါန်းသူများကို အပြည့်​အဝ ကာကွယ်​​ပေးနိုင်​ရန်​ ခက်​ခဲ​နေ​ကြောင်း ကျိုက်​မ​ရောမြို့နယ်​မှ ကယ်​ဆယ်​​ရေးလုပ်​ကိုင်​​နေသူတဦးက ​ပြောသည်​။

“ကျွန်​​တော်​တို့ဆီမှာက အဓိက ​လှေအခက်​အခဲရှိ​နေတယ်​။ ပစ္စည်းတင်​တဲ့ ​လှေအ​သေး​တွေပဲ ရှိပါတယ်​။ ​ရေမြှုပ်​တဲ့အပိုင်းက မြင့်​​တော့ သွားလာတဲ့အခါ သတိထားရပါတယ်​။ ​ရေ​အောက်​ကို မမြင်​ရဘူး​လေ။ အလှူရှင်​​တွေကို လိုက်​ပို့တဲ့အခါ တစ်​ခုခုဖြစ်​မှာစိုးလို့ အရမ်းသတိထားရပါတယ်​”ဟု ၎င်းက ​ပြောသည်​။

လက်​ရှိအချိန်​ထိ ကျိုက်​မ​ရောမြို့နယ်​တွင်​ ​ရေနစ်​မြှုပ်​မှု​ကြောင့်​ ​ရေ​ဘေးသင့်​ပြည်​သူ ၅၅၀၀​ကျော်​ ရှိ​နေပြီး ​သွားလာရခက်​ခဲ​သော​ကြောင့်​ တစ်​ချို့​ကျေးရွာများ၌ ပိတ်​မိ​နေ​သော ​ဒေသခံများ ရှိ​နေ​ကြောင်း သိရသည်​။

ထိုက်​ထိုက်